လူ႔အဖြဲ႔အစည္းအတြင္း တစ္ဦးနဲ႔ တစ္ဦး ယံုၾကည္မႈ လြန္ခဲ့တဲ့ သံုးႏွစ္ကထက္ က်ဆင္း

0
949

ျမန္မာႏိုင္ငံ လူ႔အဖြဲ႔အစည္း အတြင္း လူတစ္ဦးနဲ႔ တစ္ဦး ယံုၾကည္မႈဟာ နိမ့္ပါးေနၿပီး လြန္ခဲ့တဲ့ သံုးႏွစ္ကနဲ႔ ႏိႈင္းယွဥ္ရင္ အနိမ့္ဆံုး ျဖစ္ေနတယ္လို႔ စစ္တမ္းတစ္ရပ္က ေဖာ္ျပပါတယ္။

ဘာသာတရား၊ ႏိုင္ငံေရးအျမင္ မတူညီအေပၚ နားလည္ေပးမႈမွာလည္း အလုပ္ခြင္၊ အိမ္ပတ္ဝန္းက်င္၊ မိသားစုအလိုက္ ကြဲျပားမႈ ရွိေၾကာင္း၊ မိသားစုထဲမွာ ကိုးကြယ္ရာ ဘာသာ မတူညီသူထက္ အိမ္နီးခ်င္း ဘာသာမတူသူကို ပိုၿပီး နားလည္ေပးႏိုင္ေၾကာင္း၊ ႏိုင္ငံေရး အျမင္မတူတဲ မိသားစုဝင္ကိုေတာ့ အိမ္နီးခ်င္းထက္ ပိုၿပီး အဆင္ေျပ နားလည္ေပၚႏိုင္ေၾကာင္း ၿပီးခဲ့တဲ့ ဇန္နဝါရီလမွာ ထုတ္ျပန္တဲ့ ႏိုင္ငံသားမ်ားရဲ႕ ဒီမိုကေရစီ ေမွ်ာ္မွန္းခ်က္ဆိုင္ရာ သေဘာထားအျမင္စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။

ဒီစစ္တမ္းကို ေရြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔လႈပ္ရွားမႈ အဖြဲ႔ (PACE) က စစ္တမ္းေကာက္ ထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူ့အဖွဲ့အစည်းအတွင်း တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှု လွန်ခဲ့တဲ့ သုံးနှစ်ကထက် ကျဆင်း

မြန်မာနိုင်ငံ လူ့အဖွဲ့အစည်း အတွင်း လူတစ်ဦးနဲ့ တစ်ဦး ယုံကြည်မှုဟာ နိမ့်ပါးနေပြီး လွန်ခဲ့တဲ့ သုံးနှစ်ကနဲ့ နှိုင်းယှဉ်ရင် အနိမ့်ဆုံး ဖြစ်နေတယ်လို့ စစ်တမ်းတစ်ရပ်က ဖော်ပြပါတယ်။

ဘာသာတရား၊ နိုင်ငံရေးအမြင် မတူညီအပေါ် နားလည်ပေးမှုမှာလည်း အလုပ်ခွင်၊ အိမ်ပတ်ဝန်းကျင်၊ မိသားစုအလိုက် ကွဲပြားမှု ရှိကြောင်း၊ မိသားစုထဲမှာ ကိုးကွယ်ရာ ဘာသာ မတူညီသူထက် အိမ်နီးချင်း ဘာသာမတူသူကို ပိုပြီး နားလည်ပေးနိုင်ကြောင်း၊ နိုင်ငံရေး အမြင်မတူတဲ မိသားစုဝင်ကိုတော့ အိမ်နီးချင်းထက် ပိုပြီး အဆင်ပြေ နားလည်ပေါ်နိုင်ကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ထုတ်ပြန်တဲ့ နိုင်ငံသားများရဲ့ ဒီမိုကရေစီ မျှော်မှန်းချက်ဆိုင်ရာ သဘောထားအမြင်စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဒီစစ်တမ်းကို ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု အဖွဲ့ (PACE) က စစ်တမ်းကောက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)