လြိဳင္ေကာ္မွာ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ၊ ေျခပူး၊ လက္ပူးေတြ အခမဲ့ ခြဲစိတ္ေပးမယ္

0
1010

ကယားျပည္နယ္ အစိုးရအဖြဲ႔ အစီအစဥ္နဲ႔ ျပည္နယ္ ကုသေရးႏွင့္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ ဂ်ာမနီႏိုင္ငံက ပလတ္စတစ္ ဆာဂ်ရီ ဆရာဝန္အဖြဲ႔တို႔ ပူးေပါင္းၿပီး ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ၊ ေျခပူး၊ လက္ပူး၊ မီးေလာင္ဒဏ္ရာ ရရွိတဲ့ လူနာေတြကို လြိဳင္ေကာ္ ျပည္သူ႔ေဆး႐ံုႀကီးမွာ အခမဲ့ ခြဲစိတ္ကုသေပးမွာ ျဖစ္ပါတယ္။

ခြဲစိတ္မႈေတြကို ေဖေဖာ္ဝါရီ ၁၉ ရက္ကေန မတ္လ ၁ ရက္ေန႔အထိ ျပဳလုပ္ေပးသြားမွာ ျဖစ္ၿပီး လာေရာက္ ခြဲစိတ္မႈ ခံယူမယ့္ လူနာနဲ႔ လူနာေစာင့္ေတြ အတြက္ ေနထိုင္စားေသာက္မႈ အဆင္ေျပေစေရးအတြက္ လူမႈကူညီေရး အသင္းနဲ႔ ၾကက္ေျခနီအဖြဲ႔တို႔ ပူးေပါင္းၿပီး လိြဳင္ေကာ္ၿမိဳ႕ရွိ သီတဂူ မ်က္စိေဆး႐ံုမွာ ေနထိုင္ေရး ကူညီေဆာင္ရြက္ေပးမွာ ျဖစ္ပါတယ္။ လူနာေတြ ေနရပ္ျပန္ဖို႔ အခက္အခဲရွိရင္လည္း လမ္းစရိတ္ ကူညီေထာက္ပံံ့ေပးမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လွိုင်ကော်မှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူး၊ လက်ပူးတွေ အခမဲ့ ခွဲစိတ်ပေးမယ်

ကယားပြည်နယ် အစိုးရအဖွဲ့ အစီအစဉ်နဲ့ ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဂျာမနီနိုင်ငံက ပလတ်စတစ် ဆာဂျရီ ဆရာဝန်အဖွဲ့တို့ ပူးပေါင်းပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူး၊ လက်ပူး၊ မီးလောင်ဒဏ်ရာ ရရှိတဲ့ လူနာတွေကို လွိုင်ကော် ပြည်သူ့ဆေးရုံကြီးမှာ အခမဲ့ ခွဲစိတ်ကုသပေးမှာ ဖြစ်ပါတယ်။

ခွဲစိတ်မှုတွေကို ဖေဖော်ဝါရီ ၁၉ ရက်ကနေ မတ်လ ၁ ရက်နေ့အထိ ပြုလုပ်ပေးသွားမှာ ဖြစ်ပြီး လာရောက် ခွဲစိတ်မှု ခံယူမယ့် လူနာနဲ့ လူနာစောင့်တွေအတွက် နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် လူမှုကူညီရေး အသင်းနဲ့ ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်းပြီး လွိုင်ကော်မြို့ရှိ သီတဂူ မျက်စိဆေးရုံမှာ နေထိုင်ရေး ကူညီဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ လူနာတွေ နေရပ်ပြန်ဖို့ အခက်အခဲရှိရင်လည်း လမ်းစရိတ် ကူညီထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)