
0
917



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဝန်ကြီးအမည်စာရင်း တင်သွင်းခံရသူ နှစ်ဦးကို တိုင်းလွှတ်တော် အမတ် ၁၇ ဦး ကန့်ကွက်

မကွေးတိုင်း အစိုးရအဖွဲ့မှာ လစ်လပ်နေတဲ့ ဝန်ကြီး နှစ်နေရာအတွက် လျာထား အမည်စာရင်းကို မကွေးတိုင်း လွှတ်တော် အရေးပေါ် အစည်းအဝေးမှာ တင်သွင်းရာမှာ လွှတ်တော် အမတ် ၁၇ ဦးက ကန့်ကွက်ပါတယ်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး နေရာတွက် ဆည်မြောင်း ညွှန်ကြားရေးမှူး ဦးအေးငွေနဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး နေရာမှာ အငြိမ်းစား ပညာရေးမှူး ဦးအောင်ကျော်မိုးတို့ကို ခန့်အပ်ဖို့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ အမည်စာရင်း တင်သွင်းတာ ဖြစ်ပါတယ်။ ကန့်ကွက်မှုတွေ ရှိတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညီ၊ မညီ အချိန်ယူ စစ်ဆေးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)