CI လက္မွတ္အတုလုပ္ၿပီး ျပန္၀င္လာတဲ့ ျမန္မာလုပ္သားေတြကုိ ျပည္္၀င္ခြင့္ ပိတ္ပင္မယ္

0
957

မေလးရွားေရာက္ ျမန္မာလုပ္သားေတြက မည္သူမည္၀ါျဖစ္ေၾကာင္း သက္ေသခံ လက္မွတ္(CI)အတုမ်ား ျပဳလုပ္ၿပီး ျမန္မာႏုိင္ငံဆီ ျပန္လာသူေတြကို ရန္ကုန္အျပည္ျပည္ဆုိင္ရာ ေလဆိပ္မွာ စစ္ေဆးေတြ႕ရွိပါက ျပည္၀င္ခြင့္ ပိတ္ပင္သြားမယ္လို႔ မေလးရွားႏုိင္ငံဆုိင္ရာ ျမန္မာသံ႐ုံးက သတင္းထုတ္ျပန္လုိက္ပါတယ္။

မေလးရွားေရာက္ ျမန္မာလုပ္သားမ်ားက CI လက္မွတ္ အတုမ်ားျပဳလုပ္ၿပီး မေလးရွားႏုိင္ငံ ကေန ျမန္မာႏုိင္ငံကို ျပန္လာဖုိ႔ မေလးရွားႏုိင္ငံရွိ လူ၀င္မႈႀကီးၾကပ္ေရးဌာနဆီ လာေရာက္ေလွ်ာက္ထား သူမ်ားရွိ တယ္လုိ႔ မေလးရွားႏိုင္ငံ လူ၀င္မႈႀကီးၾကပ္ေရးဌာနက အသိေပးအေၾကာင္းၾကားခဲ့တယ္လုိ႔ သံ႐ံုးထုတ္ျပန္ ခ်က္မွာ ေဖာ္ျပထားပါတယ္။

ကြာလာလမ္ပူၿမိဳ႕ရွိ Pekan Nenas ရွိ ထိန္းသိမ္းေရးစခန္း နဲ႔ Langkap လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ထိန္း သိမ္းေရးစခန္းမွာ ထိန္းသိမ္းခံထားရတဲ့ ျမန္မာႏုိင္ငံသား ၁၀၆ ဦးကို CI လက္မွတ္မ်ားထုတ္ေပးၿပီး ျမန္မာႏုိင္ငံဆီျပန္ပို႔သြားမယ္လို႔ မေလးရွားရွိ ျမန္မာသံ႐ံုးကေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

CI လက်မှတ်အတုလုပ်ပြီး ပြန်ဝင်လာတဲ့ မြန်မာလုပ်သားတွေကို ပြည်ဝင်ခွင့်ပိတ်ပင်မယ်

မလေးရှားရောက်မြန်မာလုပ်သားတွေက မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ်(CI)အတုများ ပြုလုပ်ပြီး မြန်မာနိုင်ငံဆီ ပြန်လာသူတွေကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ စစ်ဆေးတွေ့ရှိပါက ပြည်ဝင်ခွင့် ပိတ်ပင်သွားမယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။

မလေးရှားရောက် မြန်မာလုပ်သားများက CI လက်မှတ် အတုများပြုလုပ်ပြီး မလေးရှားနိုင်ငံ ကနေ မြန်မာနိုင်ငံကို ပြန်လာဖို့ မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးဌာနဆီ လာရောက်လျှောက်ထား သူများရှိ တယ်လို့ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက အသိပေးအကြောင်းကြားခဲ့တယ်လို့ သံရုံးထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

ကွာလာလမ်ပူမြို့ရှိ Pekan Nenas ရှိ ထိန်းသိမ်းရေးစခန်း နဲ့ Langkap လူဝင်မှုကြီးကြပ်ရေးနှင့် ထိန်း သိမ်းရေးစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၁၀၆ ဦးကို CI လက်မှတ်များထုတ်ပေးပြီး မြန်မာနိုင်ငံဆီပြန်ပို့သွားမယ်လို့ မလေးရှားရှိ မြန်မာသံရုံးကဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)