
0
306




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂလားဒေရှ့်က ပြန်ပို့မယ့် ဒုက္ခသည် ၈ ထောင်ကျော် စာရင်း မြန်မာကိုပေး

ဘင်္ဂလားဒေရှ့် ပြည်ထဲရေးဝန်ကြီး အောဒူဇာမာ ခန် ကာမယ်က နေရပ်ပြန်ပို့မယ့် ဒုက္ခသည် ၈၀၃၂ ဦး စာရင်းကို မြန်မာ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေထံ ပေးအပ်ခဲ့ပါတယ်။

ဘင်္ဂလားဒေရှ့် ပြည်ထဲရေး ဝန်ကြီးက မြန်မာပြည်ထဲရေး ဝန်ကြီးနဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က တွေ့ဆုံဆွေးနွေးချိန်မှာ ပြန်ပို့မယ့် ဒုက္ခသည် စာရင်းကို ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီစာရင်းဟာ ဘင်္ဂါလီ ဒုက္ခသည် မိသားစု ၁၆၇၃ စုက လူတွေဖြစ်ပါတယ်။

မြန်မာပြည်ထဲရေး ဝန်ကြီးက ဘင်္ဂါလီ ဒုက္ခသည်တွေကို ပြန်မခေါ်ခင် ဘင်္ဂါလီတွေရဲ့ နောက်ခံ အချက်အလက်တွေကို စစ်ဆေးသွားမယ်လို့ ပြောခဲ့ပါတယ်။

ကောက်ဘဇာ ဒုတိယကော်မရှင်နာ အလီဟိုစိန် ကလည်း နယ်စပ်ဒေသမှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၆ ထောင်ကို ပြန်ပို့ရေး ဆွေးနွေးဖို့ လာမယ့် အင်္ဂါနေ့မှာ မြန်မာနိုင်ငံဆီကို လာရောက်မယ်လို့ ဘင်္ဂလားဒေရှ့် သတင်းမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)