ရခိုင္ျပည္နယ္ အေရးနဲ႔ ပတ္သက္လို႔ ျမန္မာဗိုလ္ခ်ဳပ္တစ္ဦးကို ကေနဒါ ပိတ္ဆုိ႔ခ်မွတ္

0
272

ရခုိင္ျပည္နယ္မွာ ဘဂၤါလီ မြတ္စလင္ေတြကို ၿဖိဳခြင္းမႈနဲ႔ ပတ္သက္ၿပီး ဗုိလ္ခ်ဳပ္ ေမာင္ေမာင္စိုးကို ပစ္မွတ္ထား ပိတ္ဆုိ႔ အေရးယူလိုက္ေၾကာင္း ကေနဒါ ႏုိင္ငံျခားေရးဝန္ႀကီး ဖရီးလန္းက ေျပာပါတယ္။

ဗိုလ္ခ်ဳပ္ ေမာင္ေမာင္စုိးဟာ ဘဂၤါလီေတြရဲ႕ အခြင့္အေရး ခ်ိဳးေဖာက္ခံရမႈနဲ႔ ပတ္သက္လုိ႔ တုိက္႐ိုက္ပါဝင္ ပတ္သက္မႈ ရွိသူျဖစ္တယ္လို႔ ကေနဒါႏုိင္ငံျခားေရး ဝန္ႀကီးက ေျပာပါတယ္။ ျမန္မာႏုိင္ငံမွာ လူမ်ိဳးစု ရွင္းလင္းေရးေတြနဲ႔ ပတ္သက္ၿပီး ျမန္မာစစ္ဘက္နဲ႔ အရပ္သား ေခါင္းေဆာင္ေတြဟာ တာဝန္ယူဖုိ႔၊ လူအခြင့္အေရး ေလးလိုက္နာဖုိ႔ အေရးႀကီးတယ္လို႔ ကေနဒါ ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။

ကေနဒါႏုိင္ငံရဲ႕ ျပည္ပလူ႔အခြင့္ေရးဆုိင္ရာ ဥပေဒသစ္မွာ ကေနဒါအစိုးရက ကမာၻတဝွမ္းရွိ လူ႔အခြင့္အေရး ခ်ိဳးေဖာက္သူေတြအေပၚ ခရီးသြားမႈ ပိတ္ပင္တာနဲ႔ ပို္င္ဆုိင္မႈ ပိတ္သိမ္းတာေတြ လုပ္ဖုိ႔ ခြင့္ျပဳထားတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်လို့ မြန်မာဗိုလ်ချုပ်တစ်ဦးကို ကနေဒါ ပိတ်ဆို့ချမှတ်

ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီ မွတ်စလင်တွေကို ဖြိုခွင်းမှုနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ် မောင်မောင်စိုးကို ပစ်မှတ်ထား ပိတ်ဆို့ အရေးယူလိုက်ကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး ဖရီးလန်းက ပြောပါတယ်။

ဗိုလ်ချုပ် မောင်မောင်စိုးဟာ ဘင်္ဂါလီတွေရဲ့ အခွင့်အရေး ချိုးဖောက်ခံရမှုနဲ့ ပတ်သက်လို့ တိုက်ရိုက်ပါဝင် ပတ်သက်မှု ရှိသူဖြစ်တယ်လို့ ကနေဒါနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ လူမျိုးစု ရှင်းလင်းရေးတွေနဲ့ ပတ်သက်ပြီး မြန်မာစစ်ဘက်နဲ့ အရပ်သား ခေါင်းဆောင်တွေဟာ တာဝန်ယူဖို့၊ လူအခွင့်အရေး လေးလိုက်နာဖို့ အရေးကြီးတယ်လို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ကနေဒါနိုင်ငံရဲ့ ပြည်ပလူ့အခွင့်ရေးဆိုင်ရာ ဥပဒေသစ်မှာ ကနေဒါအစိုးရက ကမ္ဘာတဝှမ်းရှိ လူ့အခွင့်အရေး ချိုးဖောက်သူတွေအပေါ် ခရီးသွားမှု ပိတ်ပင်တာနဲ့ ပိ်ုင်ဆိုင်မှု ပိတ်သိမ်းတာတွေ လုပ်ဖို့ ခွင့်ပြုထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)