
0
941




>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တက္ကသိုလ်ဝင်စာမေးပွဲ မဖြေခင်ကတည်းက လျှပ်စစ်မီးရရှိရေး ဂရုစိုက်ပေးဖို့ ဝန်ကြီး ပြော

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုတဲ့ကာလ မတိုင်ခင် စာကျက်ချိန်တွေ ကတည်းက လျှပ်စစ်မီး ရရှိရေး ဂရုစိုက်ဆောင်ရွက်ပေးဖို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်က ပြောကြားပါတယ်။

နေပြည်တော်မှာ မနေ့က ဖေဖော်ဝါရီလ ၁၆ ရက်က တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေစဉ် ကာလအတွင်း လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရေး စီမံဆောင်ရွက်ထားရှိမှုများနဲ့ ပတ်သက်တဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ဝန်ကြီး ဦးဝင်းခိုင်က ပြောသွားတာ ဖြစ်ပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေစဉ် ကာလကို အရေးကြီး အချိန်ကာလ အနေနဲ့ အလေးထား ဆောင်ရွက်ဖို့၊ တက္ကသိုလ်ဝင် စာမေးပွဲ အကြိုကာလအတွက် ကြိုတင်ပြင်ဆင်နေတဲ့ အချိန်ကစပြီး အသေးစိတ် စီမံဆောင်ရွက် ထားဖို့ လိုအပ်ကြောင်းလည်း ဝန်ကြီး ဦးဝင်းခိုင်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)