
0
867




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ ဥရောပ လူ့အခွင့်အရေး ကော်မတီ ဥက္ကဋ္ဌတို့ ဒုက္ခသည်အရေး ဆွေးနွေး

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေဟာ ဥရောပပါလီမန် လူ့အခွင့်အရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ မစ္စတာ ပီယာ အန်တိုနီယို ပန်ဇေရီနဲ့ တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ်ဘက်က နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးကိစ္စ ဆွေးနွေးခဲ့ပါတယ်။

မနေ့က ဖေဖော်ဝါရီ ၁၆ ရက် နေပြည်တော် တွေ့ဆုံပွဲမှာ တခြား ရခိုင်ပြည်နယ်အရေး ကိစ္စရပ်တွေ၊ မြန်မာနိုင်ငံနဲ့ ဥရောပသမဂ္ဂတို့အကြား ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။

တွေ့ဆုံပွဲကို နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနတို့က တာဝန်ရှိသူတွေ တက်ရောက်ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)