အစိုးရသစ် တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့တာတွေကို နိုင်ငံပိုင်မီဒီယာကို အသုံးပြု ချပြမယ်

0
255

အစိုးရသစ် တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့တာတွေကို နိုင်ငံပိုင်သတင်းမီဒီယာကို အသုံးပြုပြီး ပြည်သူကို ချပြသွားဖို့ရှိနေပါတယ်။

ဖေဖော်ဝါရီလ နောက်ဆုံး သီတင်းပတ်မှာ စတင် ရိုက်ကူးပြီး မတ်လထဲမှာ နိုင်ငံပိုင်မီဒီယာတွေဖြစ်တဲ့ မြန်မာ့ရုပ်မြင်သံကြား MRTV နဲ့ ကြေးမုံ၊ မြန်မာ့အလင်းသတင်းစာတွေကနေ ချပြသွားဖို့ရှိနေတာပါ။

အဲ့ဒီလို လုပ်ဆောင်မယ့် အကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဖေဖော်ဝါရီလ (၁၇) ရက်နေ့က နေပြည်တော်မှာ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီလို အစိုးရသစ် တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်တွေကို မဏ္ဍိုင် အသီးသီးနဲ့ ၀န်ကြီးဌာနတွေရဲ့ ဆောင်ရွက်မှုတွေ၊ တိုင်းဒေသကြီး၊ ပြည်နယ်တွေရဲ့ တစ်နှစ်တာ ကာလမှာ ဆောင်ရွက်ခဲ့မှုတွေနဲ့ အနာဂတ်မှာ ဆောင်ရွက်မယ့် အစီအမံတွေကို ပြည်သူကို တင်ပြနိုင်ဖို့ ဒီအစီအစဉ်ကို ပြုလုပ်ရတာဖြစ်တယ်လို့ ဒေါက်တာဖေမြင့်က ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)