မုံရွာသတင်းထောက်တွေ သတင်းယူခွင့် ပိတ်ပင်ခံရတာကြောင့် တိုင်းဒေသကြီးဝန်ကြီးချုပ်ကို စာပို့

0
336

စစ်ကိုင်းတိုင်းဒေသကြီးက မုံရွာအခြေစိုက်သတင်းထောက်တွေ အစိုးရဌာနဆိုင်ရာတချို့မှာ သတင်းရယူဖို့ ကြိုးစားကြတဲ့အခါမှာ သတင်းယူခွင့်ပိတ်ပင်မှုတွေ အစိုးရဌာနဆိုင်ရာတွေရဲ့ မပြေမလည်ဆက်ဆံမှုတွေရှိနေတာကြောင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ဆီကို ဒီကနေ့ ဖေဖော်ဝါရီလ(၁၇)ရက်နေ့ ရက်စွဲနဲ့ စုပေါင်းပြီး တိုင်ကြားလိုက်ပါတယ်။

အဲဒီတိုင်းတန်းတဲ့စာထဲမှာဆိုရင် အစိုးရဌာနဆိုင်ရာတွေက သတင်းထောက်တွေကို အချိန်နဲ့တပြေးညီ သတင်းယူခွင့် ပိတ်ပင်မှုတွေရှိနေပြီး တိုင်းဒေသကြီးအတွင်းက ဌာနဆိုင်ရာတွေအနေနဲ့ သတင်းအမှောင်မချဖို့၊ ပြည်သူတွေရဲ့ နားကို မပိတ်ဖို့နဲ့ ပြည်သူတွေရဲ့ မျက်စိတွေ မပိတ်မိစေဖို့ဆိုပြီး တိုင်းတန်းထားတဲ့စာထဲမှာ ရေးသားဖော်ပြထားတာလည်းဖြစ်ပါတယ်။

အစိုးရဌာနဆိုင်ရာတွေမှာ သတင်းယူဖို့ သွားရောက်ကြတဲ့အခါမှာလည်း ဌာနဆိုင်ရာအကြီးအကဲ ဒါမှမဟုတ်အောက်ခြေ၀န်ထမ်းများရဲ့ မပြေမလည်ဆက်ဆံမှုတွေ မြင့်တက်နေပြီး သတင်းထောက်တွေ လိုချင်တဲ့ သတင်းအချက်အလက် မပေးတဲ့ အစိုးရဌာနဆိုင်ရာတွေလည်း ရှိနေတာဖြစ်ပါတယ်။

သတင်းမီဒီယာ ဥပဒေ အခန်း(၃) ပုဒ်မခွဲ(က)အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လွပ်လပ်စွာဝေဖန်၊ထောက်ပြ၊အကြံပြုရေးသားခွင့်ရှိသည်ဟု ပြဌာန်းထားသည်။ (ဃ)အရ သက်ဆိုင်ရာဌာန၊အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့အညီ အစိုးရရုံး၊ဌာန၊အဖွဲ့အစည်းများမှာ သတင်းအချက်အလက် ရယူခွင့်၊နေရာထိုင်ခင်း ရခွင်နှင့် ၀င်ထွက်သွားလာခွင့်ရှိသည်ဟု အတိတလင်း ရေးသားဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)