ဂီတအနုပညာအကြောင်း ဖော်ပြထားတဲ့ Stupid Music မဂ္ဂဇင်း စတင်ဖြန့်ချိ

0
333

ဂီတအနုပညာ ပညာရပ်တွေကို အပြည့်စုံဆုံး ဖော်ပြထားတဲ့ Stupid Music မဂ္ဂဇင်းစတင် ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ လဆန်းပိုင်းက စတင်ပြီး Jutty 201 Media က ရောင်းဈေး ၃၅၀၀ ကျပ်နဲ့ မြန်မာတစ်နိုင်ငံလုံးကို ဖြန့်ချိလိုက်တာပါ။

အတွဲ (၁) အမှတ် (၁) အနေနဲ့ ထုတ်ဝေလိုက်တဲ့ Stupid Music ရဲ့ ဖေဖော်ဝါရီလ ထုတ်ထဲမှာတော့ ကဗျာ၊ တေးသံရှင် ခင်ဝမ်းနဲ့ ဆရာတင်မိုးတို့ရဲ့ အနုပညာဘ၀အကြောင်း အောင်းမေ့ဖွယ် ဆောင်းပါးတွေ၊ နိုင်ငံတကာ ဂီတအနုပညာရှင်တို့အကြောင်း ဆောင်းပါးတွေ၊ တွေ့ဆုံမေးမြန်းခန်းတွေ၊ တေးသီချင်းခံစားမှုဆိုင်ရာ ဆောင်းပါးတွေ၊ ဂန္တ၀င်ဂီတာတီး အပါဝင် စန္ဒယားတီး သင်ခန်းစားတွေ၊ ဂီတနှင့် ဒဿနဆိုင်ရာ အကြောင်းအရာတွေ၊ ကမ္ဘာ့ဂီတ သမိုင်းဆိုင်ရာ အကြောင်းအရာတွေကို ဖော်ပြထားတာဖြစ်ပါတယ်။

အဲ့ဒီ Stupid Music မဂ္ဂဇင်းစာအုပ်တွေကိုတော့ အမြို့မြို့ အနယ်နယ်က စာအုပ်အရောင်းဆိုင်တွေနဲ့ City Mark ဆိုင်တွေတိုင်းမှာ ၀ယ်ယူ ရရှိနိုင်မှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)