NLD အစိုးရလက်ထက် ရာဇဝတ်မှုနဲ့ တရားမမှု မှုခင်းအရေအတွက် ပိုများလာ

0
338

NLD အစိုးရလက်ထပ်မှာ ရာဇ၀တ်မှုနဲ့ တရားမမှု မှုခင်းအရေအတွက် ပိုမိုများပြားလာတယ်လို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့က နေပြည်တော်မှာကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်များ၊ ခရိုင်တရားရုံးများ၏ (၁၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ဦးထွန်းထွန်းဦးက အဲ့ဒီလိုပြောကြားလိုက်တာပါ။

အဲ့ဒီလိုပြောကြားရာမှာတော့ ၂၀၁၅ ခုနှစ် မှုခင်းစာရင်းတွေနဲ့ နှိုင်းယှဉ်ပါက တရားရုံးအဆင့်ဆင့်မှာ စွဲဆိုတဲ့ ရာဇ၀တ်မှုနဲ့ တရားမမှု မှုခင်းအရေးအတွက် ပိုမိုများပြား လာတာကို တွေ့ရတယ်လို့ ပြောဆိုထားတာပါ။

အဲ့ဒီလို ပိုမိုများပြားစွာ စွဲဆိုလာတဲ့ မှုခင်း အရည်အတွက်နဲ့အညီ မစစ်ဆေး မစီရင်နိုင်ရင် အမှုလက်ကျန်တွေ များပြားလာပြီး ကြန့်ကြာမှုခင်းတွေ (Backlog Cases) ဖြစ်ပေါ် လာနိုင်တာကြောင့် တရားရုံးတွေအနေနဲ့ အမှုတွေကို ပိုမိုပြီးပျက်အောင် ဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်း ပြောကြားထားပါတယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ မှုခင်းအရေအတွက်ကိန်းဂဏန်းတွေအရ ၂၀၁၆ ခုနှစ် တစ်နှစ်လုံးမှာ မြို့နယ် တရားတရားရုံးတွေကို တိုင်ကြားခဲ့တဲ့ ရာဇ၀တ်မှုပေါင်း ၃ သိန်းခွဲနီးပါးရှိခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)