ရိုဟင်ဂျာအရေး ကုလကော်မရှင်ဖွဲ့ပြီး စုံစမ်းသင့်ကြောင်း မစ္စယန်ဟီးလီပြော

0
341

ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်ဆလင်အရေး စုံစမ်းရေးကော်မရှင်ဖွဲ့ပေးဖို့ တောင်းဆိုသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက ပြောလိုက်ပါတယ်။

ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် အစိုးရတပ်က လူ့အခွင့်အရေး ချိုးဖောက်မှုရှိမရှိ ယုံကြည်စိတ်ချရတဲ့ ကော်မရှင်တရပ်ဖွဲ့ပြီး စစ်ဆေးဖို့ မြန်မာအစိုးရအနေနဲ့ မဆောင်ရွက်နိုင်တဲ့အတွက်၊ ကုလသမဂ္ဂက ကြီးမှူးပြီး ကော်မရှင်တစ်ရပ်ဖွဲ့စည်း စုံစမ်းနိုင်ဖို့ လာမယ့် မတ်လ ၁၃ ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ စတင်ကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံကို တင်ပြ တောင်းဆိုသွားမှာပါ။

ဒါ့အပြင် မစ္စယန်ဟီးလီဟာ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး နယ်စပ် ကော့ဘဇားမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုမယ်လို့ ဘင်္ဂလားဒေ့ရှ်ထုတ် သတင်းစာတွေမှာ ရေးသားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)