YBS  စနစ္ရဲ႕ေငြေပးေခ်တဲ့စနစ္ကို ဘဏ္ ကတ္နဲ႔ ေပးေခ်ႏိုင္ဖုိ႔ ၂၀၁၈ ခုႏွစ္မွာ လုပ္မယ္

0
2259

၂၀၁၈ ခုႏွစ္မွာ အဓိက အက်ဆံုး ျပင္ဆင္မႈကေတာ့ YBS စနစ္မွာ ေငြေပးေခ်တဲ့စနစ္ကို ဘဏ္ကတ္နဲ႔ ေပးေခ်ဖို႔ ကတ္စနစ္ကို ႀကိဳးစားေဆာင္ရြက္သြားမွာျဖစ္တယ္လုိ႔ ရန္ကုန္တိုင္းဝန္ႀကီး ခ်ဳပ္ကေျပာခဲ့ပါတယ္။

ဇန္နဝါနရီ ၁၆ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ Sky Star Hotelမွာ က်င္းပတဲ့ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမွုအာဏာပိုင္အဖြဲ႔ (YRTA)  ရန္ကုန္ ဘတ္စ္ကား ဝန္ေဆာင္မႈ (YBS) တစ္ႏွစ္ျပည့္ ႏွစ္ပတ္လည္ အခမ္းအနားမွာအခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။

ကတ္စနစ္ဟာ ကတ္တိုင္းကတ္တိုင္း ဘတ္စ္ ကားစီးလို႔ ရမယ့္ အေျခအေနျဖစ္ေအာင္ ႀကိဳးပမ္းသြားမွာျဖစ္ၿပီး  ဒီအဆင့္ဟာ ႏိုင္ငံတကာမွာ က်င့္သံုးေနမႈ ထဲမွာ ေနာက္ဆံုးအဆင့္ျဖစ္တယ္လုိ႔လည္း ရန္ကုန္တုိင္းဝန္ႀကီးကေျပာပါတယ္။  

YBS စနစ္ စတင္စဥ္က အစိုးရအေနနဲ႔ အခြင့္အလမ္းမ်ား၊ စိန္ေခၚမႈမ်ား မ်ားစြာ ႀကံဳခဲ့ရၿပီး အႀကံျပဳခ်က္မ်ား ျပဳ ျပင္ေျပာင္းလဲမႈအတြက္ ဝိုင္းဝန္းတြန္းအားေပးမႈမ်ား အကူအညီေပးမႈမ်ား၊ ႀကံဳဆံုခဲ့ရသလို ၎စနစ္ႀကီး ေအာင္ျမင္ မည္ မဟုတ္ဟု ေျပာဆိုေနမႈမ်ားကို ခံရ ေပမယ္  မည္သည့္အေၾကာင္းေၾကာင့္ျဖစ္ေစ ေမွ်ာ္မွန္းထားသည့္ ပိုမိုေကာင္းမြန္ေသာ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးစနစ္တစ္ရပ္ ျဖစ္ေရးအတြက္ ဆက္လက္ႀကိဳးပမ္းေဆာင္ရြက္သြားမည္ျဖစ္တယ္လုိ႔  ရန္ကုန္တိုင္းေဒသႀကီးအစိုးရ အဖြဲ႔ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာလုိက္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

YBS စနစ်ရဲ့ငွေပေးချေတဲ့စနစ်ကို ဘဏ် ကတ်နဲ့ ပေးချေနိုင်ဖို့ ၂၀၁၈ ခုနှစ်မှာ လုပ်မယ်

၂၀၁၈ ခုနှစ်မှာ အဓိက အကျဆုံး ပြင်ဆင်မှုကတော့ YBS စနစ်မှာ ငွေပေးချေတဲ့စနစ်ကို ဘဏ်ကတ်နဲ့ ပေးချေဖို့ ကတ်စနစ်ကို ကြိုးစားဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီး ချုပ်ကပြောခဲ့ပါတယ်။

ဇန်နဝါနရီ ၁၆ ရက်နေ့က ရန်ကုန်မြို့၊ Sky Star Hotelမှာ ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ရန်ကုန် ဘတ်စ်ကား ဝန်ဆောင်မှု (YBS) တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာအခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။

ကတ်စနစ်ဟာ ကတ်တိုင်းကတ်တိုင်း ဘတ်စ် ကားစီးလို့ ရမယ့် အခြေအနေဖြစ်အောင် ကြိုးပမ်းသွားမှာဖြစ်ပြီး ဒီအဆင့်ဟာ နိုင်ငံတကာမှာ ကျင့်သုံးနေမှု ထဲမှာ နောက်ဆုံးအဆင့်ဖြစ်တယ်လို့လည်း ရန်ကုန်တိုင်းဝန်ကြီးကပြောပါတယ်။

YBS စနစ် စတင်စဉ်က အစိုးရအနေနဲ့ အခွင့်အလမ်းများ၊ စိန်ခေါ်မှုများ များစွာ ကြုံခဲ့ရပြီး အကြံပြုချက်များ ပြု ပြင်ပြောင်းလဲမှုအတွက် ဝိုင်းဝန်းတွန်းအားပေးမှုများ အကူအညီပေးမှုများ၊ ကြုံဆုံခဲ့ရသလို ၎င်းစနစ်ကြီး အောင်မြင် မည် မဟုတ်ဟု ပြောဆိုနေမှုများကို ခံရ ပေမယ် မည်သည့်အကြောင်းကြောင့်ဖြစ်စေ မျှော်မှန်းထားသည့် ပိုမိုကောင်းမွန်သော အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တစ်ရပ် ဖြစ်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောလိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)