ေက်ာက္တံတားမွာ ျပည္သူစကားဝိုင္း က်င္းပမယ္

0
2152

ေက်ာက္တံတားၿမိဳ႕နယ္မွာ ျပည္သူ႔စကား၀ိုင္း (Public Talk) ကို ဇန္န၀ါရီ လ ၂၀ ရက္ေန႔ နံနက္(၁၀)နာရီ ကေန (၁၂)နာရီထိ ေက်ာက္တံတားၿမိဳ႕နယ္ အ.ထ.က(၁)၊ စကား၀ါခန္းမမွာ ျပဳလုပ္မွာျဖစ္ပါတယ္။

အဲဒီ ျပည္သူ႔စကား၀ိုင္းမွာ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနမ်ိဳးထက္၊ စာေရးဆရာမ မသီတာ (စမ္းေခ်ာင္း)၊ စာေရးဆရာ မင္းေဝဟင္ (၂၀၁၆ ခုႏွစ္ အမ်ိဳးသားစာေပဆု႐ွင္) တို႔က ေဆြးေႏြးမွာလည္း ျဖစ္ပါတယ္။

‘လူငယ္ႏွင့္စာေပ’ ေခါင္းစဥ္ နဲ႔ အဓိက ထားေဆြးေႏြးသြားမွာျဖစ္ပါတယ္။ Moderator အျဖစ္ ေဒၚၾကည္ျပာ (တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္) က ေဆာင္ရြက္မွာျဖစ္ၿပီး ေဆြးေႏြးပဲြ တက္ေရာက္လာသူမ်ား ထဲက ပထမဆံုး Registration ျပဳလုပ္သူ (၇၀) ဦးကို စာအုပ္မ်ား မဲေဖာက္ေပးသြားမွာျဖစ္ပါတယ္။
…………………… ။ ။ …………………….

ကျောက်တံတားမှာ ပြည်သူစကားဝိုင်း ကျင်းပမယ်

ကျောက်တံတားမြို့နယ်မှာ ပြည်သူ့စကားဝိုင်း (Public Talk) ကို ဇန်နဝါရီ လ ၂၀ ရက်နေ့ နံနက်(၁၀)နာရီ ကနေ (၁၂)နာရီထိ ကျောက်တံတားမြို့နယ် အ.ထ.က(၁)၊ စကားဝါခန်းမမှာ ပြုလုပ်မှာဖြစ်ပါတယ်။

အဲဒီ ပြည်သူ့စကားဝိုင်းမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်၊ စာရေးဆရာမ မသီတာ (စမ်းချောင်း)၊ စာရေးဆရာ မင်းဝေဟင် (၂၀၁၆ ခုနှစ် အမျိုးသားစာပေဆုရှင်) တို့က ဆွေးနွေးမှာလည်း ဖြစ်ပါတယ်။

‘လူငယ်နှင့်စာပေ’ ခေါင်းစဉ် နဲ့ အဓိက ထားဆွေးနွေးသွားမှာဖြစ်ပါတယ်။ Moderator အဖြစ် ဒေါ်ကြည်ပြာ (တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်) က ဆောင်ရွက်မှာဖြစ်ပြီး ဆွေးနွေးပွဲ တက်ရောက်လာသူများ ထဲက ပထမဆုံး Registration ပြုလုပ်သူ (၇၀) ဦးကို စာအုပ်များ မဲဖောက်ပေးသွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)