ရခုိင္ျပည္နယ္က ေနရပ္စြန္႔ခြာသူေတြ ျပန္လက္ခံေရးလုပ္ငန္းစဥ္ ဇန္နဝါရီ ၂၃ ရက္ေန႔ စမယ္

0
2071

ရခိုင္ျပည္နယ္က ေနရပ္စြန္႔ခြာသြားသူေတြ ျပန္လည္လက္ခံေရးလုပ္ငန္းစဥ္ကို ဇန္န၀ါရီလ ၂၃ ရက္ေန႔မွာ စတင္ေဆာင္ရြက္ဖို႔ ျမန္မာ နဲ႔ ဘဂၤလားေဒရွ္႕ႏုိင္ငံတုိ႔ သေဘာတူညီခဲ့ပါတယ္။

ျမန္မာႏိုင္ငံ – ဘဂၤလားေဒ့ရွ္ႏိုင္ငံအၾကား ရခိုင္ျပည္နယ္မွ ေနရပ္စြန္႔ခြာသြားသူေတြ ျပန္လည္စိစစ္ လက္ခံေရး ပူးတြဲလုပ္ငန္းအဖြဲ႕ရဲ႕ ပထမအႀကိမ္ ညႇိႏိႈင္းအစည္းအေဝးကို ဇန္နဝါရီ ၁၅ ရက္ေန႔က ေနျပည္ေတာ္မွာ က်င္းပခ်ိန္ အတြင္း သေဘာတူညီခဲ့တာျဖစ္ပါတယ္။

နရပ္စြန္႔ခြာသူေတြကို ျပန္လည္လက္ခံရာမွာ ကနဦးစတင္ေဆာင္ရြက္သြားနိုင္ဖို႔ ဟိႏၵဴ (၅၀၈)ဦး နဲ႔ စိစစ္ၿပီး မြတ္စလင္ (၇၅၀)ဦးတို႔ရဲ႕ အခ်က္အလက္ အျပည့္အစုံကိုလည္း အစည္းအေဝးအၿပီးမွာ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးအတြင္းဝန္ဆီ ေပးခဲ့ပါတယ္။

ဒါ့အျပင္ ျပန္လည္လက္ခံေရးလုပ္ငန္းစဥ္ ေဆာင္ရြက္ေနစဥ္အတြင္း ARSA အၾကမ္းဖက္သမားေတြက မလိုလားအပ္တဲ့ အေႏွာင့္အယွက္ အဟန္႔အတားေတြ ျပဳလုပ္လာႏိုင္တာေၾကာင့္ ႏွစ္ဖက္ႀကိဳတင္ကာကြယ္ မႈမ်ား စီမံေဆာင္ရြက္သြားၾကဖို႔လည္း အသိေပးေျပာဆုိထားတယ္လို႔ ႏုိင္ငံျခားေရးဝန္ႀကီးဌာနက သတင္း ထုတ္ျပန္ထားပါတယ္။
……………………. ။ ။ ………………………

ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေ ပြန်လက်ခံရေးလုပ်ငန်းစဉ် ဇန်နဝါရီ ၂၃ ရက်နေ့ စမယ်

ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ဇန်နဝါရီလ ၂၃ ရက်နေ့မှာ စတင်ဆောင်ရွက်ဖို့ မြန်မာ နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတို့ သဘောတူညီခဲ့ပါတယ်။

မြန်မာနိုင်ငံ – ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်စိစစ် လက်ခံရေး ပူးတွဲလုပ်ငန်းအဖွဲ့ရဲ့ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၅ ရက်နေ့က နေပြည်တော်မှာ ကျင်းပချိန် အတွင်း သဘောတူညီခဲ့တာဖြစ်ပါတယ်။

နရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရာမှာ ကနဦးစတင်ဆောင်ရွက်သွားနိုင်ဖို့ ဟိန္ဒူ (၅၀၈)ဦး နဲ့ စိစစ်ပြီး မွတ်စလင် (၇၅၀)ဦးတို့ရဲ့ အချက်အလက် အပြည့်အစုံကိုလည်း အစည်းအဝေးအပြီးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန်ဆီ ပေးခဲ့ပါတယ်။

ဒါ့အပြင် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ဆောင်ရွက်နေစဉ်အတွင်း ARSA အကြမ်းဖက်သမားတွေက မလိုလားအပ်တဲ့ အနှောင့်အယှက် အဟန့်အတားတွေ ပြုလုပ်လာနိုင်တာကြောင့် နှစ်ဖက်ကြိုတင်ကာကွယ် မှုများ စီမံဆောင်ရွက်သွားကြဖို့လည်း အသိပေးပြောဆိုထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)