စာေရးဆရာ ေဝဟင္ေအာင္ကို စစ္ေတြေထာင္ကို ပို႔ေဆာင္

0
2076

ရေသ့ေတာင္ၿမိဳ႕နယ္ ေတာင္ရင္းတန္းရပ္ကြက္ ဘုန္းေတာ္ႀကီးေက်ာင္းမွာ ေဟာေျပာခဲ့တဲ့ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ မေန႔ကညေန ၆ နာရီခန္႔မွာ ဖမ္းဆီးလိုက္တဲ့ စာေရးဆရာ ေဝဟင္ေအာင္ကို ဒီကေန႔မနက္ ၁၀ နာရီခြဲမွာ စစ္ေတြေထာင္ကို ပို႔ေဆာင္လုိက္ပါတယ္။

အဲဒီေဟာေျပာပြဲဟာ ရခိုင့္အခ်ဳပ္အျခာအာဏာက်ဆံုးျခင္း ႏွစ္ ၂၃၃ ႏွစ္ျပည့္ ေအာက္ေမ့ဖြယ္အခမ္း အနားအျဖစ္ က်င္းပျပဳလုပ္ခဲ့တာျဖစ္ၿပီးေတာ့ ေဟာေျပာပြဲမွာ စာေရးဆရာေဝဟင္ေအာင္က ႏုိင္ငံေတာ္ အၾကည္အညိဳပ်က္ေစတဲ့ ေျပာၾကားခ်က္ေတြကိုအသံုးျပဳခဲ့တာေၾကာင့္ ဖမ္းဆီးလိုိက္တာပါ။

သူ႔ကိုစစ္ေတြၿမိဳ႕မရဲစခန္း အမွတ္ ၁ မွာ ထိန္းသိမ္းထားခဲ့ရာကေန ဒီကေန႔မနက္ပိုင္းမွာ စစ္ေတြေထာင္ကို ပို႔ခဲ့တာျဖစ္ၿပီး မိသားစုေတြကိုလည္း အသိေပးျခင္းမ႐ွိသလို ေတြ႔ဆံုခြင့္လည္းမရ႐ွိခဲ့ေၾကာင္း အစ္ကိုျဖစ္သူ ဦးသိန္းဝင္းကေျပာပါတယ္။
…………………. ။ ။ ………………….

စာရေးဆရာဝေဟင်အောင်ကို စစ်တွေထောင်ကို ပို့ဆောင်

ရသေ့တောင်မြို့နယ် တောင်ရင်းတန်းရပ်ကွက် ဘုန်းတော်ကြီးကျောင်းမှာ ဟောပြောခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ မနေ့ကညနေ ၆ နာရီခန့်မှာ ဖမ်းဆီးလိုက်တဲ့ စာရေးဆရာ ဝေဟင်အောင်ကို ဒီကနေ့မနက် ၁၀ နာရီခွဲမှာ စစ်တွေထောင်ကို ပို့ဆောင်လိုက်ပါတယ်။

အဲဒီဟောပြောပွဲဟာ ရခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်း နှစ် ၂၃၃ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်း အနားအဖြစ် ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီးတော့ ဟောပြောပွဲမှာ စာရေးဆရာဝေဟင်အောင်က နိုင်ငံတော် အကြည်အညိုပျက်စေတဲ့ ပြောကြားချက်တွေကိုအသုံးပြုခဲ့တာကြောင့် ဖမ်းဆီးလိိုက်တာပါ။

သူ့ကိုစစ်တွေမြို့မရဲစခန်း အမှတ် ၁ မှာ ထိန်းသိမ်းထားခဲ့ရာကနေ ဒီကနေ့မနက်ပိုင်းမှာ စစ်တွေထောင်ကို ပို့ခဲ့တာဖြစ်ပြီး မိသားစုတွေကိုလည်း အသိပေးခြင်းမရှိသလို တွေ့ဆုံခွင့်လည်းမရရှိခဲ့ကြောင်း အစ်ကိုဖြစ်သူ ဦးသိန်းဝင်းကပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)