ARSA အၾကမ္းဖက္ အဖြဲ႕ဝင္ ၁၃၀၀ ေက်ာ္ အမည္စာရင္း ဘဂၤလားေဒ့ရွ္ကို ေပးပို႔ထား

0
2115

ARSA အၾကမ္းဖက္ အဖြဲ႕ဝင္ ၁၃၀၀ ေက်ာ္ ရဲ႕ အမည္စာရင္းကို ျမန္မာဘက္ ကေန ဘဂၤလားေဒ့ရွ္ဘက္ကို ေပးပို႔ထားတယ္လို႔ ႏုိင္ငံျခားေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။

ႏိုဝင္ဘာ ၁၄ ရက္က ေနျပည္ေတာ္မွာျပဳလုပ္တဲ့ စတုတၳအႀကိမ္ ျမန္မာ- ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္ တပ္ဖြဲ႕မ်ား လံုၿခံဳေရး နဲ႔ တရားဥပေဒ စိုးမိုးေရး ပူးေပါင္း ေဆာင္ရြက္မႈ ဆုိင္ရာ ဗဟိုအဆင့္ အစည္းအေဝးမွာ အၾကမ္းဖက္ အဖြဲ႔ဝင္ေတြ စာရင္းေပးပို႔ခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ARSA အၾကမ္းဖက္သမားေတြကို ၁၉၈၀ ခုႏွစ္မွာ လက္မွတ္ေရးထိုးခဲ့တဲ့ နယ္နိမိတ္ဆုိင္ရာ ပူးေပါင္း ေဆာင္ရြက္ေရး သေဘာတူညီခ်က္နဲ႔ အညီ ဥပေဒေၾကာင္းအရ အေရးယူေဆာင္ရြက္သြားဖို႔အတြက္ ျပန္လည္ လႊဲေျပာင္းေပးထားဖို႔ ျမန္မာႏုိင္ငံမွ ဘဂၤလားေဒ့ရွ္ ႏုိင္ငံဆီကိုလည္းအေၾကာင္းၾကားထားၿပီး ျဖစ္ပါတယ္။
…………………… ။ ။ ………………….

ARSA အကြမ်းဖက် အဖွဲ့ဝင် ၁၃၀ဝ ကျော် အမည်စာရင်း ဘင်္ဂလားဒေ့ရှ်ကို ပေးပို့ထား

ARSA အကြမ်းဖက် အဖွဲ့ဝင် ၁၃၀ဝ ကျော် ရဲ့ အမည်စာရင်းကို မြန်မာဘက် ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပေးပို့ထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နိုဝင်ဘာ ၁၄ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ စတုတ္ထအကြိမ် မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့များ လုံခြုံရေး နဲ့ တရားဥပဒေ စိုးမိုးရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ဗဟိုအဆင့် အစည်းအဝေးမှာ အကြမ်းဖက် အဖွဲ့ဝင်တွေ စာရင်းပေးပို့ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ARSA အကြမ်းဖက်သမားတွေကို ၁၉၈၀ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ နယ်နိမိတ်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်နဲ့ အညီ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားဖို့အတွက် ပြန်လည် လွှဲပြောင်းပေးထားဖို့ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆီကိုလည်းအကြောင်းကြားထားပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)