ႏိုင္ငံေတာ္ လုံၿခဳံေရး အဖြဲ႕အစည္းမ်ားအသြင္သ႑ာန္ ယူနီေဖာင္းမ်ား ဖန္တီး ဝတ္စား ပါက အေရးယူမယ္

0
2124

ျမန္မာႏိုင္ငံအတြင္းရွိ ပုဂၢလိက လုံၿခဳံေရး ကုမၸဏီမ်ား နဲ႔ အသင္းအဖြဲ႕ေတြဟာ ႏိုင္ငံေတာ္ လုံၿခဳံေရး အဖြဲ႕အစည္းမ်ား ဝတ္ဆင္ အသုံးျပဳတဲ့ ဝတ္စုံမ်ား၊ အဆိုပါ ဝတ္စုံမ်ား နဲ႔ သ႑ာန္ တူတဲ့ ဝတ္စုံမ်ားကို ဖန္တီး ဝတ္စား ဆင္ယင္ျခင္း မျပဳၾကဖို႔ နဲ႔ အဲဒီလုိမ်ိဳး ဝတ္ဆင္ေၾကာင္း ေတြ႕ရွိပါက တရားဥပေဒ အရ အေရးယူ ေဆာင္႐ြက္ သြားမယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ႏိုင္ငံေတာ္အတြင္း ပုဂၢလိက လုံၿခဳံေရး ကုမၸဏီမ်ားႏွင့္ အသင္းအဖြဲ႕မ်ား ဟာ ႏိုင္ငံေတာ္ လုံၿခဳံေရး အဖြဲ႕အစည္းမ်ား ရဲ႕ အသြင္သ႑ာန္ နဲ႔ ယူနီေဖာင္းမ်ား ဝတ္ဆင္ အသုံးျပဳလ်က္ ရွိေနတာပါ။

ျမန္မာႏိုင္ငံအစိုးရ လၽွိဳ႕ဝွက္ခ်က္ အက္ဥပေဒပုဒ္မ ၆၊ ပုဒ္မခြဲ (၁)၊ ပုဒ္မခြဲငယ္ (က)အရ မည္သူမဆို ပိတ္ပင္ တားျမစ္ထားတဲ့ ေနရာသို႔ ဝင္ေရာက္ခြင့္ ရလိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ျဖစ္ေစ၊၊ ဝင္ေရာက္ခြင့္ ရေအာင္ သူတစ္ပါးကို ကူညီလိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ျဖစ္ေစ၊၊ ႏိုင္ငံေတာ္ လုံၿခဳံေရးကို ထိခိုက္လိုတဲ့ ရည္႐ြယ္ခ်က္ နဲ႔ ျဖစ္ေစ ဥပေဒႏွင့္အညီ ခြင့္ျပဳခ်က္ မရွိဘဲ တပ္မေတာ္၊ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕၊ အျခား အရာထမ္း၊ အမႈထမ္းမ်ားနဲ႔ သက္ဆိုင္တဲ့ ဝတ္စုံကို ျဖစ္ေစ၊ အဆိုပါ ဝတ္စုံနဲ႔ ပုံသ႑ာန္ တူတဲ့ ဝတ္စုံကိုျဖစ္ေစ အသုံးျပဳမယ္၊ ဝတ္ဆင္မယ္ ဒါမွမဟုတ္ အဲဒီ ဝတ္စုံကို အသုံးျပဳခြင့္၊ ဝတ္ဆင္ခြင့္ ရွိတယ္လို႔ မမွန္မကန္ ေျပာဆိုမယ္ဆိုရင္ ပုဒ္မ ၆၊ ပုဒ္မခြဲ (၃) အရ ႏွစ္ႏွစ္ထိ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ျခင္းခံရမယ္လုိ႔ ျပဌာန္း ထားရွိပါတယ္။
…………………. ။ ။ …………………

နိုင်ငံတော် လုံခြုံရေး အဖွဲ့အစည်းများအသွင်သဏ္ဍာန် ယူနီဖောင်းများ ဖန်တီး ဝတ်စား ပါက အရေးယူမယ်

မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီများ နဲ့ အသင်းအဖွဲ့တွေဟာ နိုင်ငံတော် လုံခြုံရေး အဖွဲ့အစည်းများ ဝတ်ဆင် အသုံးပြုတဲ့ ဝတ်စုံများ၊ အဆိုပါ ဝတ်စုံများ နဲ့ သဏ္ဍာန် တူတဲ့ ဝတ်စုံများကို ဖန်တီး ဝတ်စား ဆင်ယင်ခြင်း မပြုကြဖို့ နဲ့ အဲဒီလိုမျိုး ဝတ်ဆင်ကြောင်း တွေ့ရှိပါက တရားဥပဒေ အရ အရေးယူ ဆောင်ရွက် သွားမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်အတွင်း ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီများနှင့် အသင်းအဖွဲ့များ ဟာ နိုင်ငံတော် လုံခြုံရေး အဖွဲ့အစည်းများ ရဲ့ အသွင်သဏ္ဍာန် နဲ့ ယူနီဖောင်းများ ဝတ်ဆင် အသုံးပြုလျက် ရှိနေတာပါ။

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (၁)၊ ပုဒ်မခွဲငယ် (က)အရ မည်သူမဆို ပိတ်ပင် တားမြစ်ထားတဲ့ နေရာသို့ ဝင်ရောက်ခွင့် ရလိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်စေ၊ ဝင်ရောက်ခွင့် ရအောင် သူတစ်ပါးကို ကူညီလိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်စေ၊ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်လိုတဲ့ ရည်ရွယ်ချက် နဲ့ ဖြစ်စေ ဥပဒေနှင့်အညီ ခွင့်ပြုချက် မရှိဘဲ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အခြား အရာထမ်း၊ အမှုထမ်းများနဲ့ သက်ဆိုင်တဲ့ ဝတ်စုံကို ဖြစ်စေ၊ အဆိုပါ ဝတ်စုံနဲ့ ပုံသဏ္ဍာန် တူတဲ့ ဝတ်စုံကိုဖြစ်စေ အသုံးပြုမယ်၊ ဝတ်ဆင်မယ် ဒါမှမဟုတ် အဲဒီ ဝတ်စုံကို အသုံးပြုခွင့်၊ ဝတ်ဆင်ခွင့် ရှိတယ်လို့ မမှန်မကန် ပြောဆိုမယ်ဆိုရင် ပုဒ်မ ၆၊ ပုဒ်မခွဲ (၃) အရ နှစ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမယ်လို့ ပြဌာန်း ထားရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)