ေျမာက္ဦးၿမိဳ႕မွာ ရဲတပ္ဖြဲ႕က လူစုၿဖိဳခြဲရာ ၇ ဦးေသ ၁၀ ဦးေက်ာ္ ဒဏ္ရာရ

0
2173

ရခိုင္ျပည္နယ္ေျမာက္ဦးၿမိဳ႕မွာ မေန႔ ဇန္နဝါရီလ ၁၆ ရက္ေန႔ ည ၁၀ ဝန္းက်င္က ခ႐ိုင္ရဲတပ္ဖြဲ႔႐ံုးကို လာေရာက္ဝိုင္းဝန္းခဲ့တဲ့ ၿမိဳ႕လူထုကို လူစုၿဖိဳခြဲခဲ့ရာမွာ ေဒသခံ ၇ ဦးေသဆံုးခဲ့ၿပီး ၁၀ ဦးေက်ာ္ ဒဏ္ရာရ႐ွိခဲ့ပါတယ္။

ေျမာက္ဦးၿမိဳ႕ခံေတြအေနနဲ႔ ခ႐ိုင္ရဲ႐ံုးကိုအင္တိုက္အားတိုက္ ေရာက္႐ွိလာခဲ့ၾကျခင္းမွာ မေန႔ကက်ေရာက္တဲ့ ေျမာက္ဦးထီးနန္းက်ဆံုးတဲ့ ၂၃၃ ႏွစ္ျပည့္အခမ္းအနားကို က်င္းပခြင့္မျပဳေၾကာင္း စာထုတ္ျပန္တဲ့အတြက္ က်င္းပခြင့္ရ႐ွိဖို႔ သြားေရာက္ညွိႏိႈင္းခဲ့ၾကရာမွာ တေျဖးေျဖးနဲ႔ လူစုမ်ားလာခဲ့ျခင္းျဖစ္တယ္လုိ႔ ေျမာက္ဦးေဒသခံ ကိုေက်ာ္ထြန္းဦးက ေျပာပါတယ္။

အဲဒီလူအုပ္စုဟာ ႐ံုးရင္းဆန္ခတ္ျဖစ္လာခဲ့တာေၾကာင့္ ေျမာက္ဦးခ႐ိုင္ရဲတပ္ဖြဲ႔က ည ၁၀ နာရီဝန္းက်င္ခန္႔မွာ ပစ္ခတ္ခဲ့တာျဖစ္ၿပီးေတာ့ က်ည္အခ်က္ ၂၀ နီးပါးပစ္ခတ္ခဲ့ေၾကာင္းနဲ႔ ဒဏ္ရာရ႐ွိသူေတြထဲက ျပင္းထန္တဲ့ ၅ ဦးကို စစ္ေတြေဆး႐ံုးကို ပို႔ေဆာင္ခဲ့ရပါတယ္။
…………………. ။ ။ ……………………

မြောက်ဦးမြို့မှာ ရဲတပ်ဖွဲ့က လူစုဖြိုခွဲရာ ၇ ဦးသေ ၁၀ ဦးကျော် ဒဏ်ရာရ

ရခိုင်ပြည်နယ်မြောက်ဦးမြို့မှာ မနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၁၀ ဝန်းကျင်က ခရိုင်ရဲတပ်ဖွဲ့ရုံးကို လာရောက်ဝိုင်းဝန်းခဲ့တဲ့ မြို့လူထုကို လူစုဖြိုခွဲခဲ့ရာမှာ ဒေသခံ ၇ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

မြောက်ဦးမြို့ခံတွေအနေနဲ့ ခရိုင်ရဲရုံးကိုအင်တိုက်အားတိုက် ရောက်ရှိလာခဲ့ကြခြင်းမှာ မနေ့ကကျရောက်တဲ့ မြောက်ဦးထီးနန်းကျဆုံးတဲ့ ၂၃၃ နှစ်ပြည့်အခမ်းအနားကို ကျင်းပခွင့်မပြုကြောင်း စာထုတ်ပြန်တဲ့အတွက် ကျင်းပခွင့်ရရှိဖို့ သွားရောက်ညှိနှိုင်းခဲ့ကြရာမှာ တဖြေးဖြေးနဲ့ လူစုများလာခဲ့ခြင်းဖြစ်တယ်လို့ မြောက်ဦးဒေသခံ ကိုကျော်ထွန်းဦးက ပြောပါတယ်။

အဲဒီလူအုပ်စုဟာ ရုံးရင်းဆန်ခတ်ဖြစ်လာခဲ့တာကြောင့် မြောက်ဦးခရိုင်ရဲတပ်ဖွဲ့က ည ၁၀ နာရီဝန်းကျင်ခန့်မှာ ပစ်ခတ်ခဲ့တာဖြစ်ပြီးတော့ ကျည်အချက် ၂၀ နီးပါးပစ်ခတ်ခဲ့ကြောင်းနဲ့ ဒဏ်ရာရရှိသူတွေထဲက ပြင်းထန်တဲ့ ၅ ဦးကို စစ်တွေဆေးရုံးကို ပို့ဆောင်ခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)