မောင်တောမှာ ရာအိမ်မှူးဟောင်းတစ်ဦး အစိုးရသတင်းဆိုပြီး ညှင်းပန်းရိုက်နှက်ခံရ

0
319

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ ဇန်နဝါရီ ၁၄ ရက်နေ့မှာ ရာအိမ်မှူးဟောင်းတစ်ဦးကို အနက်ရောင်ဘောင်းဘီဝတ် လူလေးဦးက ခေါ်ဆောင်သွားပြီး အစိုးရသတင်းပေးလို့ စွပ်စွဲပြီး နှိပ်စက်ညှဉ်းပန်းမှု ဖြစ်ပွားခဲ့ပါတယ်။

မောင်တောမြို့နယ်၊ ရဲအောင်ချောင်းကျေးရွာမှာ ပုဇွန်ကန်လုပ်ငန်းလုပ်ကိုင်တဲ့ ရာအိမ်မှူးဟောင်း ဖွေယာ(ခ) ဖွေယာဇူဟောက်ဟာ ဇန်နဝါရီ ၁၄ ရက် ည ၁၁ နာရီမှာ ပုဇွန်ကန်ဝယ်မယ်ဆိုပြီး လာခေါ်တဲ့ ဘောင်းဘီ အနက်ဝတ်အမျိုးသားလေးဦးနောက်ကို လိုက်ခဲ့ရာကနေ ပျောက်ဆုံးသွားခဲ့တာပါ။

အဲဒီနောက်ဖွေဟာဟာ ရဲအောင်ချောင်းရွာ အရှေ့တောင်ဘက် မဲဒီကျေးရွာအနီးက တောအလမ်းအတိုင်း ခေါ်ဆောင်ခံခဲ့၇ပြီး ကျွန်းပေါက်ပြုစုမြောက်ရွာ အဝင်လမ်းမှာ အဲဒီလူတွေက သူ့ရဲ့ မျက်နှာကို အဝတ်စည်းခေါ်ဆောင်သွားကာ နေအိမ်တစ်လုံးထဲအရောက်မှာ လူ ၁၀ ဦးက ထိုးနှက်ရိုက်ပုတ်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီလို ရိုက်နှက်တာဟာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူတွေနဲ့ပေါင်းပြီး သတင်းပေးအဖြစ် ဆောင်ရွက်နေတာကြောင့် အပြစ်ပေးတာလို့ ပြောကြားပြီး ငွေ ဘယ်လောက်ပေးနိုင်မလဲလို့လည်း မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ည ၈ နာရီခွဲမှာ ပုဝါစည်းပြီး ကျောက်ချောင်းကျေးရွာအတိုင်း ပြန်ပို့ပြီးနောက်မှာ မော်လဝီကျေးရွာ တာဝန်ခံ ဦးလှသိန်းက ဖွေယာကို ပြန်ရှာတွေ့ပြီလို့ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဖွေယာဟာ ကျောအလယ်မှာ ဓားဦးချွန်နဲ့ ထိုးစိုက်ခံရတဲ့ ဒဏ်ရာရရှိခဲ့ပြီး အဲဒီဒဏ်ရာဟာ အကျယ် ၁ လက်မ၊ အနက် ၂ စင်တီမီတာရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)