YBS ဒုတိယမြောက် ပြေးဆွဲတဲ့နေ့မှာ ရဲတပ်ဖွဲ့မော်တော်ယာဉ်တွေ အခမဲ့ သယ်ယူပို့ဆောင်

0
466

ရန်ကုန်မြို့မှာ Yangon Bus Service (YBS) ဘတ်စ်ကားတွေ ပြေးဆွဲတဲ့ ဒုတိယနေ့ဖြစ်တဲ့ ဒီကနေ့ ဇန်နဝါရီ ၁၇ ရက်နေ့မှာ ခရီးသည်တွေအတွက် ရဲတပ်ဖွဲ့ရဲ့မော်တော်ယာဉ်တွေလည်း အခမဲ့ သယ်ယူပြေးဆွဲပေးခဲ့ပါတယ်။

ဒီကနေ့ မွန်းလွဲ ၃ နာရီခွဲမှာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က မော်တော်ယာဉ် (၆)စီး၊ အမှတ်(၂) လုံခြုံရေး ရဲကွပ်ကွဲမှုအောက်ရှိ လုံခြုံရေးရဲတပ်ဖွဲ့ခွဲတွေက မော်တော်ယာဉ် (၂၅)စီး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့က မော်တော်ယာဉ် (၁၀)စီးတို့နဲ့ အခမဲ့ သယ်ဆောင်ပေးခဲ့တာပါ။

ရဲတပ်ဖွဲ့ရဲ့ ကားတွေနဲ့ ပို့ဆောင်ပေးတဲ့ နေရာတွေကတော့ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့နားက ဆူးလေမှတ်တိုင်ကနေ သာကေတ၊ ဒဂုံဆိပ်ကမ်း၊ ယုဇနဥယျာဉ်မြို့တော်အိမ်ရာ၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာနဲ့ မင်္ဂလာဒုံမြို့နယ်တွေကို လိုက်လံပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)