၂၀၁၆ ခုနှစ်အတွင်း မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ၂၀၁၅ ထက် အဆမတန် ပိုများခဲ့

0
229

မြန်မာနိုင်ငံမှာ ၂၀၁၆ ခုနှစ်အတွင်း မီးလောင်မှုအရေအတွက် ၂၀၁၅ ခုနှစ်ထက် ကျဆင်းခဲ့ပေမဲ့ ဆုံးရှုံးမှု တန်ဖိုး အဆမတန် မြင့်တက်လာခဲ့တယ်လို့ ရန်ကုန်တိုင်း မီသတ်တပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်အတွင်း မီးလောင်မှုပေါင်း အကြိမ် ၂၂၀ ဖြစ်ပွားခဲ့ပြီး အဲဒီ အရေအတွက်ဟာ ၂၀၁၅ ခုနှစ်က မီးလောင်တဲ့အရေအတွက် ၂၂၄ ကြိမ်ထက် လျော့နည်းခဲ့တာပါ။

ဒါပေမဲ့ ၂၀၁၅ ခုနှစ်မှာ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး သန်း ၃၆၀ ကျော်ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ဆုံးရှုံးမှု တန်ဖိုးပေါင်း သန်း ၃၆၀၀၀ ကျော် ရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို မီးလောင်မှုတွေ ဖြစ်ပွားရာမှာ ၂၀၁၅ ခုနှစ်မှာ ပေါ့ဆမီး ၈၉ ကြိမ်၊ လျှပ်စစ်မီး ၉၉ ကြိမ် လောင်ကျွမ်းခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ပေါ့ဆမီး ၁၀၅ ကြိမ်နဲ့ လျှပ်စစ်မီး ၉၉ ကြိမ် လောင်ကျွမ်းခဲ့တာလို့ မီးသတ်ဌာနရဲ့ ထုတ်ပြန်ချက်ကို ဒီကနေ့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)