ချင်းတွင်းမြစ်အတွင်း ဝင်တိုက်မိတဲ့ ရေယာဉ်နှစ်စင်းကိုပဲ အရေးယူပေးဖို့ အသနားခံစာ တင်သွားမယ်

0
342

ချင်းတွင်းမြစ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ရေယာဉ် မတော်တဆတိုက်မှုနဲ့ပတ်သက်ပြီး ဝင်တိုက်မိတဲ့ ရေယာဉ်နှစ်စင်းကိုပဲ အရေးယူပြီး မသက်ဆိုင်တဲ့ ရေယာဉ်အသင်းနှစ်သင်းကို အရေးမယူစေချင်ဘူးလို့ ရေယာဉ်လုပ်သားတွေနဲ့ ပိုင်ရှင်တွေက ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ ည ၈ နာရီမှ ချင်းတွင်းမြစ်အတွင်း စိုးသူရအောင် ရေယာဉ်နဲ့ ဂျိုးဝါ ရေယာဉ်တို့ ဝင်တိုက်ခဲ့တာနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရက ရေယာဉ်နှစ်စင်းရဲ့ အသင်းနှစ်သင်းကိုပါ ပြေးဆွဲခွင့် ခြောက်လစီရပ်နားခဲ့တာပါ။

တိုင်းဒေသကြီးအစိုးရဘက်က စစ်ဆေးမေးမြန်းတာမျိုးမလုပ်ဘဲ ခုလို ဆုံးဖြတ်ချက်ချလိုက်တဲ့အတွက် ရေယာဉ်နဲ့ အသက်မွေးနေသူတွေရဲ့ မိသားစုဝင်တွေ စားဝတ်နေရေးခက်ခဲလာတာကြောင့် စည်းကမ်းလိုက်နာတဲ့ ရေယာဉ်တွေကို ပြေးဆွဲခွင့်ပြုဖို့ သက်ဆိုင်ရာကို အဆင့်ဆင့်အသနားခံတင်ပြသွားမယ်လို့ ကြံတိုင်းအောင် ရေယာဉ်ရဲ့ပိုင်ရှင် ကိုမင်းဇော်ဝင်းက ပြောပါတယ်။

ဇန်နဝါရီ ၁၅ ရက်နေ့ နံနက် ၁၁ နာရီက မုံရွာမြို့ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွရြေးကော်မတီ ရုံးခန်းမှာ လုပ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားရေးမှု ဦးစီးဌာန ဦးစီးမှူးနဲ့ ရေယာဉ်အသင်းတာဝန်ရှိသူတွေ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲမှာ ရွှေပြည်ကမ္ဘာ ရေယာဉ်အသင်း၊ ကြံတိုင်းအောင် ရေယာဉ်ပိုင်ရှင် ကိုမင်းဇော်ဝင်းက တိုင်းဒေသကြီးရဲ့ ဆုံးဖြတ်ချက်ကြောင့် စည်းကမ်းလိုက်နာတဲ့ ရေယာဉ်တွေလည်း ထိခိုက်နစ်နာမှုတွေ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့က ခြောက်လ ပိတ်ပင်လိုက်တဲ့ ရေယာဉ်အသင်းနှစ်သင်းမှာ ရေယာဉ်ပေါင်း ၈၀ ကျော် ပြေးဆွဲနေတာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)