စစ်ဘေးရှောင်ပြည်သူတွေကို မြန်မာနိုင်ငံထဲ ပြန်လွှတ်နေတယ်ဆိုတဲ့ သတင်းကို တရုတ်သံရုံး ငြင်း

0
305

နယ်စပ်ကနေ တရုတ်နိုင်ငံထဲကို ဝင်ရောက်ခိုလှုံတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်အစိုးရက ပြန်လွှတ်နေတယ်ဆိုတဲ့ သတင်းကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇန်နဝါရီ ၁၆ ရက်နေ့မှာ ငြင်းဆိုလိုက်ပါတယ်။

တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံသားတွေ တရုတ်နိုင်ငံထဲကို ဝင်ရောက်ခိုလှုံနေရပြီး တရုတ်ဘက်က မြန်မာနိုင်ငံသား ၄၀၀၀ လောက်ကို လက်မခံဘဲ ပြန်လွှတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ မီဒီယာတွေက ဖော်ပြခဲ့တာပါ။

စစ်ဘေးရှောင်ပြည်သူတွေကို မြန်မာအာဏာပိုင်တွေက နေရေးထိုင်ရေးနဲ့ အလုပ်အကိုင်အတွက် စီစဉ်ပေးနေတာတွေရှိပြီး တရုတ်ဘက်ကလည်း စစ်ဘေးရှောင်ပြည်သူတွေကို ပေးမဝင်ဘဲ ပြန်လွှတ်နေတာမျိုးတွေ မရှိဘူးလို့ တရုတ်သံရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)