အင်အားတောင့်တင်းတဲ့ နိုင်ငံရေးပါတီတစ်ခုဖြစ်ဖို့ ကြိုးစား နေတယ်လို့ ကိုမြအေး ပြော

0
306

အနာဂတ်မြန်မာပြည်နိုင်ငံရေးမှာ ပြည်သူတွေအတွက် အင်အားတောင့်တင်းတဲ့ နိုင်ငံရေးပါတီတစ်ခုဖြစ်ဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမြအေးက ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီလ ၁၇ ရက်နေ့ ဒီကနေ့မှာ MCN သတင်းဌာနရဲ့ သီးခြားဆက်သွယ် မေးမြန်းရာမှာ အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ၈၈ အရေးတော်ပုံကြီး ကာလမှစတင်ပြီး ယနေ့ အချိန်အထိ နိုင်ငံရေးလုပ်ငန်းစဉ်တွေထဲမှာ ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွ ၊ ကျောင်းသားလူငယ်မျိုးဆက် သစ်တွေ၊ နိုင်ငံတကာကို ရောက်ရှိနေတဲ့ နိုင်ငံရေး အင်အားစုတွေပါဝင်တဲ့ OPEN TALKS ဆွေးနွေးပွဲတွေကို ဗဟန်းမြို့နယ်မှာ ရှိတဲ့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ကျင်းပခဲ့ရာ ငါးကြိမ်မြောက်ရှိခဲ့ပြီုဖစ်ပါတယ်။

အဲဒီဆွေးနွေးပွဲတွေကနေ ခိုင်မာတဲ့ နိုင်ငံရေးမူဘောင်တစ်ခုကိုချမှတ်ဖို့ ကြိုးစားနေပြီး အဲဒီကနေတစ်ဆင့် ပြည်သူတွေအတွက် ခိုင်မာတောင့်တင်းတဲ့ ပါတီတစ်ရပ်ထွက်ပေါ်လာအောင်လည်း ကြိုးစားနေတယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)