YBS ယာဉ်လိုင်းအသစ် စတင်တဲ့နေ့မှာ ၀င်ရောက်မပြေးဆွဲတဲ့ ယာဉ်တွေကို အရေးယူဖို့ ရှိနေ

0
312

ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ ဦးဆောင်မှုနဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ကစတင်ပြေးဆွဲလိုက်တဲ့ YBS ခရီးသည်တင်ယာဉ်လိုင်းအသစ် ပြေးဆွဲကြတဲ့ ခရီးစဉ်တွေအတွင်းမှာ ယခင်ကခရီးသည်တင်ယာဉ်ဖြစ် ပြေးဆွဲနေပြီး ယာဉ်လိုင်းအသစ် စတင်တဲ့နေ့မှာ ဝင်ရောက်မပြေးဆွဲတဲ့ယာဉ်တွေကို အရေးယူဖို့ရှိနေပြီဖြစ်ပါတယ်။

အချို့ယာဉ်တွေဟာအကြောင်းပြချက်မခိုင်လုံပဲပြေးဆွဲရမယ့်နေ့မှာပါဝင်ခြင်းမရှိပဲရပ်နားထားတာတွေ၊ယာဉ်မောင်းမနဲ့ ယာဉ်နောက်လိုက်မရှိလို့ အကြောင်းပြ ချက်တွေနဲ့ ရပ်နားထားတဲ့ ယာဉ်တွေကို စနစ်တကျမှတ်သားပြီး အရေးယူဖို့ရှိနေတာဖြစ်ပါတယ်။

လက်ရှိပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေမှာ ခရီးသည်တင် နည်းပါးမှုတွေဖြစ်နေပြီး ခရီင်္းသွားပြည်သူတွေများနေတဲ့အတွက် လိုအပ်ယာဉ်တွေကို အသစ်ဝယ်ယူဖို့အစီစဉ်တွေရှိနေတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီကနေ့ နေ့လယ်က ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ရုံးမှာ လွှတ်တော်ကိုယ်စားလှယ်တွေ တာဝန်ရှိသူတွေနဲ့တွေဆုံစဉ်မှာ အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)