မထသ ၀န်ထမ်းတွေ အစိုးရက တာဝန်ပေးတဲ့ နေရာတွေမှာ ဆက်လက် တာဝန် ထမ်းဆောင် ကြရမှာဖြစ်

0
358

မထသ ၀န်ထမ်း ၇၀၀ ကျော်ကို အစိုးရက တာဝန်ပေးတဲ့နေရာတွေမှာ ဆက်လက်တာဝန်ထမ်းဆောင် ကြရမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောကြားလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့မှာ အသစ်ဖွင့်လှစ်လိုက်တဲ့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာအခုလိုပြောကြားလိုက်တာပါ။

ဒါ့အပြင် အဲဒီဝန်ထမ်းတွေထဲက အချို့ဝန်ထမ်းတွေကို ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ရုံးမှာ ဆက်လက်တာဝန်ပေးအပ်မှာဖြစ်သလို အချို့ဝန်ထမ်းတွေကိုလည်း သက်ဆိုင်ရာအစိုးရဌာနတွေကို ထည့်သွင်းခန့်အပ်သွားမှာပါ။

မထသ အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီးတဲ့နောက်မှာ အဲဒီမှာယခင်ကတည်းက တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကအလုပ်ပြုတ်သွားမှာကို စိုးရိမ်နေကြ တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)