YBS ခရီးသွားလမ်းညွှန်ဆိုင်းဘုတ် ဖျက်ဆီးခဲ့သူကို အရေးယူပြီ

0
361

YBS ယာဉ်လိုင်းပြေးဆွဲမယ့် ခရီးသွားလမ်းညွှန်ဆိုင်းဘုတ် ဖျက်ဆီးခဲ့သူကို ယူနယ်မြေခံ ရဲစခန်းက အရေးယူလိုက်ပြီ ဖြစ်ပါတယ်။

၁၆.၁.၂၀၁၇ ရက်နေ့ ၂၂း၃၀ ကမရမ်းကုန်းမြို့နယ်၊(၁)ရပ်ကွက်၊ သမိုင်းဘူတာရုံလမ်း၊ ဈေးဘူတာကားမှတ်တိုင်မှာစိုက်ထူထားတဲ့ YBS ခရီးသွား လမ်းညွှန်ဆိုင်းဘုတ်ကို ဖျက်ဆီးသွားတယ်လို့ သတင်းအရသွားရောက်စစ်ဆေး ကြည့်ရှုရာမှာ အဲဒီနေရာမှာ လမ်းညွှန်ဆိုင်းဘုတ် ဖျက်ဆီးသူ လှိုင်သာယာ မြို့နယ်နေ အောင်စိုး၊ (၂၅)နှစ်ကို ရပ်ကွက်နေပြည်သူတွေက ၀ိုင်းဝန်းထိန်းသိမ်းဖမ်းဆီးလိုက်တာပါ။

အဲဒီလမ်းညွှန်ဆိုင်းဘုတ်ကိုပျက်စီးအောင်ပြုလုပ်သူ အောင်စိုးအားမရမ်းကုန်းမြို့နယ်၊ဘုရင့်နောင်နယ်မြေရဲစခန်း(ပ)၈၀/၂၀၁၇၊၁၉၄၇ခုနှစ်၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက် ဥပဒေပုဒ်မ ၆(၁)နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပြီဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)