ရေတာရှည်မှာ အဒေါ်ဖြစ်သူကို တူက အရက်မူးပြီး ကတ်ကြေးနဲ့ ထိုးသတ်

0
272

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်မှာ အဒေါ်ဖြစ်သူကို တူအရင်းက ဓားနဲ့ထိုးသတ်တဲ့အမှု ဇန်နဝါရီ ၁၃ ရက်နေ့ညက ဖြစ်ပွားခဲ့ပါတယ်။

ရေတာရှည်မြို့နယ်၊ ဆွာနယ်မြေရဲစခန်းအပိုင်နယ်မြေထဲက မှန်စီကျေးရွာ၊ ဆွာမင်းလမ်းကျေးရွာအုပ်စုမှာ နေထိုင်တဲ့ ကိုစိုးမိုးသူ (၂၃ နှစ်) နေအိမ်မှာ အရက်သောက်စားမူးယစ်ဆိုးသွမ်းနေတဲ့အတွက် အဒေါ်ဖြစ်သူ ဒေါ်နွယ်နီမြင့် (၄၁ နှစ်)က အိမ်ပေါ်က ဆင်းခိုင်းရာမှာ စိုးမိုးသူက မကျေနပ်ဘဲ ဒေါ်နွယ်နီမြင့်ကို ကတ်ကြေးနဲ့ ထိုးခဲ့မိတာဖြစ်ပါတယ်။

ကတ်ကြေးထိုးချက်ကြောင့် ဒေါ် နွယ်နီမြင့်ရဲ့ ရင်ဘတ်မှာ ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ လည်ပင်းထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိပြီး သေဆုံးခဲ့ပါတယ်။
ဒေါ်နွယ်နီမြင့်ဟာ မှန်စီကျေးရွာ အလယ်တန်းကျောင်းက အလယ်တန်းပြဆရာတစ်ဦးဖြစ်ပြီး သူ့ရဲ့အစ်ကိုဖြစ်သူ ဦးမြင့်နိုင်က တရားလိုလုပ်ကာ စိုးမိုးသူကို တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆွာနယ်မြေရဲစခန်းက တရားခံကို ဖမ်းဆီးပြီး (ပ)၁၆/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အမှုကြီး အမှတ်စဉ်/(၁/၂၀၁၇)နဲ့ အမှုဖွင့်လှစ်ထားပြီး ရဲလုပ်ငန်းတွေနဲ့အညီ ဆောင်ရွက်နေပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)