ဟိုတယ်ငှားရမ်းခ ကြီးမြင့်နေမှုက နိုင်ငံခြားဧည့်သည် ၀င်ရောက်မှုကို အဟန့်အတား ဖြစ်စေ

0
281

လေယာဉ် ခဈေးနှုန်းနဲ့ ဟိုတယ်ငှားရမ်းခ ကြီးမြင့်နေမှုတွေက နိုင်ငံခြားသား ဧည့်သည်ဝင်ရောက်မှုကို အဟန့်အတားဖြစ်စေတယ်လို့ မန္တလေးအခြေစိုက် Tour Mandalay ကုမ္ပဏီမှ မန်နေဂျာ ကိုအောင်ကပြောကြားလိုက်ပါတယ်။

ရှေးဟောင်းအမွေအနှစ်တွေနဲ့ သဘာဝအမွေအနှစ်တွေပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာခရီးသွားဧည့်တွေက စိတ်ဝင်တစားလာရောက်လည်ပတ်မှုတွေ တိုးလာနေတာပါ။ လက်ရှိမှာတခြားနိုင်ငံတွေက Tour Flight ဈေးနှုန်းက ၁ဝ ရက်ခရီးစဉ်ကို ဒေါ်လာ ၂ဝဝဝ ပဲ ကုန်တယ်။ ကျွန်တော်တို့နိုင်ငံမှာက ၃ဝဝဝ ကျော်နေတယ်။ နောက်ပြီး တချို့ဟိုတယ်တွေကလည်း ဝန်ဆောင်မှုပိုင်းက အားနည်းနေပေမယ့် ငှားရမ်းခတွေက မြင့်နေတယ်။

အိမ်နီးချင်းနိုင်ငံ တွေမှာ ဒေါ်လာ ၄ဝ လောက်ပေးရတဲ့ အခန်းခကို ဒီနိုင်ငံမှာ ၆ဝ လောက်ဖြစ်နေတယ်။ ဒါတွေက ဧည့်သည်ဝင်ရောက်မှုကို အဟန့်အတားဖြစ်နေတယ်လို့ ကိုအောင်က ပြောကြားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)