စည်းကမ်းဖောက်ကားလိုင်းတွေနဲ့ ရိုင်းစိုင်းတဲ့ ယာဉ်နောက်လိုက်တွေတွေ့ရင် တိုင်ကြားနိုင်

0
279

စည်းကမ်းဖောက် ကားလိုင်းတွေနဲ့ ရိုင်းစိုင်းတဲ့ ယာဉ်နောက်လိုက်တွေ တွေ့ရင် ဓာတ်ပုံ မှတ်တမ်းနဲ့တကွ တိုင်ကြားနိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဇန်န၀ါရီလ ၁၇ ရက်နေ့မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က အဲ့ဒီလို သတင်းထုတ်ပြန်လိုက်တာဖြစ်ပြီး တိုင်းကြားလိုသူတွေအနေနဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ၀န်ကြီးချုပ်အပါအ၀င် အစိုးရအဖွဲ့ဝင်တွေရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာတွေက တစ်ဆင့် Message ဒါမှမဟုတ် Comment ရေးသားပြီး ဖြစ်စေ တိုင်ကြားနိုင်တယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးနေဘုန်းလတ်က ပြောပါတယ်။

အဲ့ဒီလို တိုင်ကြားမှုတွေရှိလာရင် အစိုးရအဖွဲ့အနေနဲ့ ထိထိရောက်ရောက် အရေးယူမယ်လို့ အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)