LGBT တွေအကြောင်း &PROUD ရုပ်ရှင်ပွဲတော် ဇန်နဝါရီ ၂၆ ရက်ကစပြီး ကျင်းပသွားမယ်

0
277

လိင်တူချစ်ခင်နှစ်သက်သူတွေနဲ့ လိင်ပြောင်းထားသူတွေ LGBT တွေရဲ့ ဘဝအကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတွေ ပြသသွားမယ့် &PROUD ရုပ်ရှင်ပွဲတော်ကို ဇန်နဝါရီလ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ စပြီး ရန်ကုန်မြို့က ပြင်သစ်ယဉ်ကျေးမှုဌာနမှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

အဲဒီ ရုပ်ရှင်ပွဲတော်မှာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံက ရုပ်ရှင်ဇာတ်ကားပေါင်း ၂၅ ကား ပြသသွားမှာ ဖြစ်ပြီး ရုပ်ရှင်ဇာတ်လမ်းအတိုရော၊ အရှည်ပါ နှစ်မျိုးစလုံး ပါဝင်မှာ ဖြစ်ပါတယ်။

ဝင်ကြေးအခမဲ့ ပြသတဲ့ &PROUD ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့မှာ အရင်ကလည်း နှစ်ကြိမ် ကျင်းပပြသခဲ့ဖူးပြီး အခုတစ်ကြိမ်ဟာ တတိယအကြိမ်မြောက် ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)