ဝန်ဆောင်မှုကောင်းတဲ့ သယ်ယူပို့ဆောင်ရေးစနစ် ပေါ်ပေါက်ဖို့ ကြိုးစားသွား မယ်လို့ ဒေါက်တာ မောင်အောင် ပြော

0
335

စနစ်တစ်ခုပြောင်းတယ်ဆိုတာ အင်မတန် ခက်ပါတယ်။ စိန်ခေါ်မှုတွေလည်း အများကြီးရှိတယ်။ လိုအပ် ချက်တွေလည်းရှိတယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူလူထုအတွက် ဝန်ဆောင်မှုကောင်းတဲ့ သယ်ယူပို့ဆောင်ရေးစနစ် ပေါ်ပေါက်ဖို့ကြိုးစားသွားမှာပါလို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့က စတင်ပြေးဆွဲတဲ့ ယာဉ်လိုင်းအသစ်တွေနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေနဲ့တွေ့ဆုံစဉ်မှာ အခုလိုပြောကြားလိုက်တာပါ။ ဒါ့အပြင်ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ကို ယာဉ်လိုင်းပေါင်း ၇ဝ ခန့်မှာ ကုမ္ပဏီအစုအဖွဲ့တွေက ပြေးဆွဲဖို့ ကတိပြုထားတဲ့ ယာဉ်စီးရေ ၃၇ဝဝ ကျော်ရှိပေမယ့် ယနေ့ ပြေးဆွဲတဲ့ ယာဉ်စီး ရေက ပေးထားတဲ့ ယာဉ်စီးရေအတိုင်း ပြေးဆွဲနိုင်တာ မရှိတဲ့ အတွက် ခရီးသည်တွေ အခက်အခဲဖြစ်ရတယ်။ ယာဉ်လိုင်း တွေမှာရှိတဲ့ကားတွေက ပေးထားတဲ့ ယာဉ်စီးရေအတိုင်း ပြေးဆွဲတာမရှိဘူး။ ဆက်သွယ် မေးမြန်း တဲ့အခါ စတစ်ကာကပ်လို့ မပြီးသေးဘူးဆိုတာတွေရှိတယ်။ အဲဒီအတွက် နည်းနည်းကသီသွားတယ်။ တချို့နေရာတွေမှာ အဆင်မပြေမှုလေးတွေဖြစ်သွား တယ်လို့ပြောပါတယ်။

ဆက်လက်ပြီးပြောကြားရာမှာ ယနေ့ အများပိုင်ယာဉ်လိုင်းစနစ်(YBS) ပြေးဆွဲသည့် နေ့တွင် သခင်မြပန်းခြံနှင့် မြို့ထဲပတ်ဝန်းကျင်ပြေးဆွဲသော ယာဉ်စီးရေနည်းပါးတာ၊ ယာဉ်စီးခပိုတောင်းတာ ယာဉ်စည်းကမ်းချိုးဖောက်တာတွေနဲ့ ယာဉ်ကြောပြောင်းပြန်မောင်းနှင်တာတွေ ကြောင့် ခရီးသွားပြည်သူ တွေကတိုင်ကြားတာတွေရှိနေတယ်လို့ အတွင်းရေးမှူး ဒေါက်တာမောင်အောင် ကပြောပါတယ်။ စည်းကမ်းချိုးဖောက်တာတွေကို ပြင်းပြင်း ထန်ထန်အရေး ယူသွားမှာဖြစ်ပြီး ယာဉ်စီးခနဲ့ပတ်သက်ပြီး ပိုမယူဖို့ ညွှန်ကြားထားတဲ့ အပြင် ခံဝန်ကတိလည်း ထိုးခိုင်းထားပြီး နေရာတိုင်းမှာ ဘယ်လိုင်းတွေက အားနည်းလဲဆိုတာ မှတ်သားထားပြီး အတတ်နိုင်ဆုံးဖြေရှင်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)