မြန်မာအလုပ်သမားငါးဦး အသတ်ခံရမှုနဲ့ပတ်သက်ပြီး လူ ၂၅ ဦးကို မလေးရှား ရဲတပ်ဖွဲ့ဖမ်းဆီး

0
312

မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားငါးဦး သတ်ခံရတဲ့အမှုနဲ့ပတ်သက်ပြီး မလေးရှားရဲတပ်ဖွဲ့က လူ ၂၅ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

SERDANG 06 JANUARY 2017. Anggota forensik menyiasat kawasan pergaduhan warga Myanmar yang maut ditetak dalam pergaduhan berhampiran tapak pasar malam Seri Serdang, Seri Kembangan. NSTP/ HAFIZ SOHAIMI

မြန်မာအလုပ်သမားတွေဟာ ဇန်နဝါရီ ရက်နေ့က ဆရီကမ်ဘန်ဂန်မြို့ထဲက ဆရီဆာဒန်းစက်မှုဇုန်မှာ အလုပ် အချိန်ပိုဆင်းပြီး ပြန်လာချိန်မှာ လူတစ်စု ဓားနဲ့တိုက်ခိုက်တာခံခဲ့ရပြီး အဲဒီထဲက ငါးဦး သေဆုံးခဲ့တာပါ။

ဖမ်းဆီးခံထားရသူတွေဟာ မြန်မာနိုင်ငံသားတွေနဲ့ ဘင်္ဂါလီတွေဖြစ်ပြီး အသက် ၂၀ ကနေ ၅၀ ကြား ရှိကြတယ်လို့လည်း ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဒါပေမဲ့လည်း ဖမ်းဆီးထားသူတော်တော်များများကို အာမခံနဲ့ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားတွေ အခုလို တိုက်ခိုက်ခံရတာရဲ့ နောက်ကွယ်က အကြောင်းရင်းကို ခုချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ စုံစမ်းစစ်ဆေးဆဲပဲ ရှိပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)