ဟုမ္မလင်းမှာ မီးလောင်မှုကြောင့် လူနေအိမ်လေးလုံး ဆုံးရှုံး

0
293

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက နောင်ပိုအောင်ကျေးရွာမှာ ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

hommalin

ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွာက မြစမ်းရေတည်းခိုခန်းမှာ မီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် လူနေအိမ်လေးလုံး ဆုံးရှုံးခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ် ဒုရဲမှူးစိုင်းယုအောင်က MCN သတင်းဌာနရဲ့ သီးခြားဆက်သွယ်မေးမြန်းမှုမှာ ပြောကြားခဲ့ပါတယ်။

hommalin3

နောင်ပိုအောင်ကျေးရွာက မြစမ်းရေတည်ခိုခန်းမှာ လာရောက်တည်းခိုသူဟာ တည်းခိုခန်းထဲမှာ မှောင်နေတာကြောင့် ဖယောင်းတိုင်မီးထွန်းပြီး အပြင်ထွက်သွားချိန်မှာ မီးမငြှိမ်းခဲ့တာကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ခဲ့တာလို့ ဒုရဲမှူး စိုင်းယုမောင်က ပြောပါတယ်။

hommalin4

မီးလောင်ခဲ့တဲ့အတွက် လူနေအိမ်လေးလုံးအပါအဝင် ပျက်စီးဆုံးရှုံးမှု ကာလတန်ဖိုး ကျပ် သိန်း(၇၀) လောက်ရှိခဲ့ပေမဲ့ လူထိခိုက်သေဆုံးတာမျိုးတော့ မရှိပါဘူး။ လောလောဆယ်မှာတော့ မီးလောင်နေတဲ့နေရာကို တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးနေပြီး အမှုဖွင့်အရေးယူတာမျိုး မလုပ်ရသေးဘူးလို့ ဒုရဲမှူး စိုင်းယုမောင်က ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)