အကြမ်းဖက်အဖွဲ့ ဆော်ဒီကလူတွေနဲ့ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ ICG အစီရင်ခံစာကို အမေရိကန် စစ်ဆေးနေ

0
287

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ အကြမ်းဖက်စီးနင်းတိုက်ခိုက်ခဲ့သူတွေဟာ ဆော်ဒီအာရေဗျနိုင်ငံက လူတွေနဲ့ ဆက်နွယ်မှုရှိနေတယ်လို့ ICG အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာကို အမေရိကန်အစိုးရက သုံးသပ်စစ်ဆေးနေပါတယ်။

rakhine

အောက်တိုဘာလ ၉ ရက်နေ့မှာ ရဲတပ်ဖွဲ့ဝင်ကိုးဦး ကျဆုံးခဲ့တဲ့ မောင်တောဒေသက နယ်ခြားစောင့်စခန်း အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ဖြစ်ရပ်ကို Harakah al-Yakin (HaY) လို့ အမည်ရတဲ့ မွတ်ဆလင်အဖွဲ့က တိုက်ခိုက်ခဲ့တာပါ။

နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ (ICG)က အဲဒီအဖွဲ့ရဲ့ အဖွဲ့ဝင်တွေကို မေးမြန်းမှုတွေလုပ်ခဲ့ပြီးနောက်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့က အဲဒီအဖွဲ့ဟာ ပါကစ္စတန်နဲ့ ဆော်ဒီအာရေဗျက ဘာသာရေးသဘောထားတင်းမာသူတွေနဲ့ ဆက်နွယ်မှုရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
အဲဒီလို ဖော်ပြခဲ့ပြီးနောက်မှာ အမေရိကန်အစိုးရက ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး သုံးသပ်စစ်ဆေးနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘယ်ဂျီယမ်နိုင်ငံ အခြေစိုက် ICG အဖွဲ့ရဲ့ အစီရင်ခံစာအရ Harakah al-Yakin (HaY) အဖွဲ့ရဲ့ခေါင်းဆောင် အာတာအူလာဟာ ပါကစ္စတန်မှာမွေးပြီး ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမှာကြီးပြင်းခဲ့သလို ပါကစ္စတန်မှာ တိုက်ခိုက်ရေးသင်တန်း တက်ရောက်ခဲ့လည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)