လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံကွန်ဗင်းရှင်းကို မြန်မာနိုင်ငံမှ အတည်ပြု ဝင်ရောက်ဖို့ လွှတ်တော် အတည်ပြု

0
305

အာဆီယံကွန်ဗင်းရှင်းကို ဝင်ရောက်ခြင်းအားဖြင့် ဂိုဏ်းအုပ်စုဖွဲ့ ကျူးလွန်တဲ့ ပြစ်မှုတွေအပါအဝင် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုတွေပါ
ထိရောက်တဲ့ ဟန့်တားမှုတွေ ပြုလုပ်နိုင်မှာဖြစ်တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနဒု တိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားလိုက်ပါတယ်။

15590048_1057919464335919_413150361211826752_n

ဒီဇင်ဘာလ ၁၅ ရက်နေ့ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အခုလိုပြောကြားလိုက်တာပါ။ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံကွန်ဗင်းရှင်း အတည်ပြုဝင်ရောက်ဖို့ ကိစ္စနဲ့ပတ်သက်ပြီးလွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးက ထောက်ခံဆွေးနွေးခဲ့ရာမှာ လွှတ်တော်က သဘောတူ အတည်ပြုခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)