ဗစ်တိုးရီးယားအမှု ဗီဒီယိုဖိုင် ပျောက်ဆုံးနေမှု ထပ်စစ်မယ်

0
622

Unicode Version

ဗစ်တိုးရီးယားအမှုမှာ CCTV က ဗီဒီယိုဖိုင်တွေ ပျောက်ဆုံးနေမှုနဲ့ ပတ်သက်ပြီး သက်ဆို်င်ရာ တာဝန်ရှိသူတွေ ကို မေးမြန်းစိစစ်သွားမှာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အခုလို ပြောကြားခဲ့တာပါ။

“သက်သေခံပစ္စည်းတွေကို ထိန်းသိမ်းတဲ့အခါမှာ ဘယ်သူတွေကထိန်းသိမ်းလဲ ၊နောက်တစ်ခုက တရားရုံးတွေ မှာ သက်သေခံပစ္စည်းဖျောက်ဖျက်မှုတိုဘာတို့ ပုဒ်မ တွေရှိပါတယ် ။ တရားရုံးမှာတော့ ရောက်နေ တဲ့ ကိစ္စဖြစ် တယ်၊ သို့သော်ဒါက တကယ်ဟုတ်၊ မဟုတ် သက်ဆို်င်ရာ တာဝန်ရှိသူတေွကို မေးမြန်း စိစစ်တာ ဖြစ်တယ်၊ ကျန်တာကတော့ သူ့ဥပဒေအတိုင်းပဲ ဖြစ်ပါတယ်လို့” ဦးဇော်ဌေးက ပြောပါတယ် ။

ဗစ်တိုးရီးယားရဲ့ အရေးကြီး သက်သေပစ္စည်းတစ်ခုဖြစ်တဲ့ မူကြိုကျောင်းက လုံခြုံရေးရုပ်သံကင်မရာ မှတ်တမ်း ပါဝင်တဲ့ မူရင်း Hard disk ကို နည်းပညာ ကျွမ်းကျင်သူတစ်ဦး အကူအညီနဲ့ စစ်ဆေးရာမှာ ဗွီဒီယိုဖိုင်တွေ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

Zawgyi Version

ဗစ်တိုးရီးယားအမှု CCTV က ဗီဒီယိုဖိုင် ပျောက်ဆုံးနေမှု တာဝန်ရှိသူတွေကို စစ်ဆေးမယ်

ဗစ်တိုးရီးယားအမှုမှာ CCTV က ဗီဒီယိုဖိုင်တွေ ပျောက်ဆုံးနေမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေ ကို မေးမြန်းစိစစ်သွားမှာ  ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အခုလို ပြောကြားခဲ့တာပါ။

“သက်သေခံပစ္စည်းတွေကို ထိန်းသိမ်းတဲ့အခါမှာ ဘယ်သူတွေကထိန်းသိမ်းလဲ ၊နောက်တစ်ခုက တရားရုံးတွေ မှာ သက်သေခံပစ္စည်းဖျောက်ဖျက်မှုတိုဘာတို့ ပုဒ်မ တွေရှိပါတယ် ။ တရားရုံးမှာတော့ ရောက်နေ တဲ့ ကိစ္စဖြစ် တယ်၊ သို့သော်ဒါက တကယ်ဟုတ်၊ မဟုတ် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို မေးမြန်း စိစစ်တာ ဖြစ်တယ်၊ ကျန်တာကတော့ သူ့ဥပဒေအတိုင်းပဲ  ဖြစ်ပါတယ်လို့” ဦးဇော်ဌေးက ပြောပါတယ် ။