Now and Ever “ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကား အရင်းသာရရှိသေး

0
332

Unicode Version

Now and Ever “ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကို သမ္မတရုပ်ရှင်ရုံနဲ့ မန္တလေးမြို့ ဝင်းလိုက်ရုပ်ရှင်ရုံနဲ့ တချို့ရုံကြီးတွေမှာ တစ်ပတ်သာ တင်ခွင့်ရရှိတာကြောင့် အရင်းသာရရှိသေးတယ်လို့ သရုပ်ဆောင် ဇာဏ်ခီနဲ့ ဒါရိုက်တာ ခရစ်(စ)တီးနားခီတို့က ပြောပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့ ဝဇီရာရုပ်ရှင်ရုံမှာ MEMORY နို်င်ငံတကာရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်း အနားမှာ ပြောခဲ့တာပါ။

“တခြားရုပ်ရှင်ဇာတ်ကားတွေ နှစ်ပတ် တင်ခွင့်ရနေတဲ့အချိန်မှာ ကျမတို့ရုပ်ရှင်ဇာတ်ကား တစ်ပတ်သာ တင်ခွင့်ရ တာဟာ လိုအပ်ချက်တွေရှိနေပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အဲ့ဒီ လိုအပ်ချက်တွေအတွက် အစည်းအဝေးတွေပြုလုပ်ပြီး ပြန်လည်ပြင်ဆင်မှုတွေပြုလုပ်သင့်တယ်လို့” သရုပ်ဆောင် ဇာဏ်ခီနဲ့ ဒါရိုက်တာ ခရစ်(စ)တီးနားခီတို့က ပြောပါတယ်။

MEMORY နို်င်ငံတကာရုပ်ရှင်ပွဲတော်မှာ ခေတ်အဆက်ဆက် နိုင်ငံတကာနဲ့ ပြည်တွင်း ရုပ်ရှင်ဇာတ်ကားပေါင်း ၇၀ ကျော်ကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ နို်ဝင်ဘာလ ၁၆ ရက်နေ့က စတင်ပြီး ၁၀ ရက်ကြာပြသ သွားမှာလည်းဖြစ်ပါတယ်။

Zawgyi Version

Now and Ever “ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကား အရင်းသာရရှိသေ

Now and Ever “ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကို သမ္မတရုပ်ရှင်ရုံနဲ့ မန္တလေးမြို့ ဝင်းလိုက်ရုပ်ရှင်ရုံနဲ့ တချို့ရုံကြီးတွေမှာ တစ်ပတ်သာ တင်ခွင့်ရရှိတာကြောင့် အရင်းသာရရှိသေးတယ်လို့ သရုပ်ဆောင် ဇာဏ်ခီနဲ့ ဒါရိုက်တာ ခရစ်(စ)တီးနားခီတို့က ပြောပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့ ဝဇီရာရုပ်ရှင်ရုံမှာ MEMORY နိုင်ငံတကာရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်း အနားမှာ ပြောခဲ့တာပါ။

“တခြားရုပ်ရှင်ဇာတ်ကားတွေ နှစ်ပတ် တင်ခွင့်ရနေတဲ့အချိန်မှာ ကျမတို့ရုပ်ရှင်ဇာတ်ကား တစ်ပတ်သာ တင်ခွင့်ရ တာဟာ လိုအပ်ချက်တွေရှိနေပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အဲ့ဒီ လိုအပ်ချက်တွေအတွက် အစည်းအဝေးတွေပြုလုပ်ပြီး ပြန်လည်ပြင်ဆင်မှုတွေပြုလုပ်သင့်တယ်လို့” သရုပ်ဆောင် ဇာဏ်ခီနဲ့ ဒါရိုက်တာ ခရစ်(စ)တီးနားခီတို့က ပြောပါတယ်။

MEMORY နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ခေတ်အဆက်ဆက် နိုင်ငံတကာနဲ့ ပြည်တွင်း ရုပ်ရှင်ဇာတ်ကားပေါင်း ၇၀ ကျော်ကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ  နိုဝင်ဘာလ ၁၆ ရက်နေ့က စတင်ပြီး ၁၀ ရက်ကြာပြသ သွားမှာလည်းဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)