ရှေ့နေ ဦးကြီးမြင့်တို့ကို တရားစွဲထားမှု ရုပ်သိမ်းပေးဖို့ CSO တွေ ထုတ်ပြန်

0
242

Unicode Version

တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့် အပါအဝင် သုံးဦးကို တရားစွဲဆိုထားမှု ပြန်လည်ရုပ်သိမ်းပေးဖို့နဲ့ တရားစွဲဆိုထားမှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အရပ်ဖက်အဖွဲ့အစည်း ၁၃၀ က သတင်း ထုတ်ပြန်လိုက်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ကြိုဆိုထောက်ခံပွဲက ငြိမ်းစုစီဥပဒေနဲ့အညီ ကျင်းပခဲ့တာ ဖြစ်ပြီး တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့် အပါအဝင် သုံးဦးကို တရားစွဲဆိုလို်က်ခြင်းက ဖွဲ့စည်းပုံ အခြေခံဥပေဒ ၃၅၄ နဲ့အညီ ပြုလုပ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကျင့်သုံးဆောင်ရွက်ခြင်းကို တရားစွဲ ဆိုလိုက်ခြင်းဖြစ်ကြောင်းနဲ့ တရားစွဲဆိုခြင်းက ငြိမ်းစုစီဥပဒေကို ကျော်လွန်ပြီး ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တပ်မတော်က ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၀ (စ) အရ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ကာကွယ် စောင့်ရှောက်ရမယ့်အစား ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခြင်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ရာရောက်ပြီး တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေသည် သာမက နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေကြောင်း အရပ်ဘက်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

၂၀၁၉ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့ တနင်္လာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့မှာ ငြိမ်းစုစီ ဥပေဒနဲ့အညီ ကျင်းပခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ထောက်ခံကြိုဆိုပွဲမှာ ဂုဏ်သိက္ခာ ထိခိုက်နစ်နာစေတဲ့ အသုံးအနှုန်းတွေ ပြောကြားခဲ့တယ်ဆိုပြီး စွပ်စွဲချက်နဲ့ တပ်မတော်က တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်၊ ကဗျာဆရာ စောဝေနဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်တို့ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ ကော့သောင်းမြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

Zawgyi Version

ရှေ့နေ ဦးကြီးမြင့်တို့ကို တရားစွဲထားမှု ရုပ်သိမ်းပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ ထုတ်ပြန် 

တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့် အပါအဝင် သုံးဦးကို တရားစွဲဆိုထားမှု ပြန်လည်ရုပ်သိမ်းပေးဖို့နဲ့ တရားစွဲဆိုထားမှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အရပ်ဖက်အဖွဲ့အစည်း ၁၃၀ က သတင်း ထုတ်ပြန်လိုက်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ကြိုဆိုထောက်ခံပွဲက ငြိမ်းစုစီဥပဒေနဲ့အညီ ကျင်းပခဲ့တာ ဖြစ်ပြီး တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့် အပါအဝင် သုံးဦးကို တရားစွဲဆိုလိုက်ခြင်းက  ဖွဲ့စည်းပုံ အခြေခံဥပေဒ ၃၅၄ နဲ့အညီ ပြုလုပ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကျင့်သုံးဆောင်ရွက်ခြင်းကို တရားစွဲ ဆိုလိုက်ခြင်းဖြစ်ကြောင်းနဲ့ တရားစွဲဆိုခြင်းက ငြိမ်းစုစီဥပဒေကို ကျော်လွန်ပြီး ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။