လားရှိုးမြို့ မှာ မူးယစ်ဆေးဝါး သယ်ဆောင်လာသူကို ဖမ်းဆီး ရမိ

0
56

Unicode Version

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ရှိ တာကော်အက်ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ငွေကျပ် သိန်း ၄၉၀ ကျော်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင်လာသူတစ်ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ယာဉ်ဝင်ထွက်မှုတွေကို စစ်ဆေးဆောင်ရွက်စဉ် နိုဝင်ဘာလ ၁၄ ရက် ညပိုင်းက ပန်ဆန်းမြို့ဘက်ကနေ လားရှိုးမြို့ဘက်ကို ဆမ်ခွက် မောင်းနှင်လာတဲ့ ယာဉ်ကို ရပ်တန့်စစ်ဆေးရာ ယာဉ်ရဲ့ ဂီယာတံအဖုံးအတွင်း ဝှက်ပြီး သယ်ဆောင်လာတဲ့ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြား ၂၄၇၀၀ ပြား (ခန့်မှန်းတန်ဖိုး ငွေ ကျပ်သိန်း ၄၉၀ ကျော်) နဲ့အတူ ဖမ်းဆီး ရမိခဲ့တာ ဖြစ်ပါတယ်။

အဲဒီ မော်တော်ယာဉ်၊ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိသူတွေကို တန့်ယန်းမြို့နယ် မူးယစ်တပ်ဖွဲ့စုကို စနစ်တကျ လွှဲပြောင်းအပ်နှံသွားမှာ ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ထားပါတယ်။

Zawgyi Version

လားရှိုးမြို့ တာကော်အက် စစ်ဆေးရေးဂိတ်မှာ မူးယစ်ဆေးဝါး သယ်ဆောင်လာသူကို ဖမ်းဆီး ရမိ