ပြည်သူတွေ ရွေးကောက်ပွဲအပေါ် ယုံကြည်မှု လျော့နည်းလာ

0
85

Unicode Version

ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကစတင်ပြီး ၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲအထိ မဲဆန္ဒရှင် ပြည်သူတွေ မဲပေးမှုအဆင့်ဆင့် ကျဆင်းလာတဲ့အတွက် ရွေးကောက်ပွဲအပေါ် ပြည်သူတွေယုံကြည်မှု အားလျော့လာတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂျပန်နိုင်ငံက ယိုမီယူရီ ရှင်ဘွန်း သတင်းဌာနရဲ့ မေးမြန်းမှုမှာ အခုလို ထည့်သွင်းဖြေကြားထားတာ ဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲလုပ်တဲ့ အချိန်တုန်းက မဲပေးခွင့်ရှိတဲ့သူရဲ့ ၇၇ ရာခိုင်နှုန်းကျော်လောက် မဲပေးခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်မှာ ၆၉ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူရဲ့ ၅၀ ရာခိုင်နှုန်းအောက် ကျပြီးတော့ မဲပေးတာ တွေ့ရကြောင်း၊ ပြီးခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲမှာ ၁၀ ရာခိုင်နှုန်းကျော်၊ ၁၅ ရာခိုင်နှုန်းလောက် မဲပေးတာကို တွေ့ရကြောင်း၊ တဖြည်းဖြည်းနဲ့ မဲပေးတဲ့သူတွေ ကျဆင်းလာတဲ့အတွက်ကြောင့် ရွေးကောက်ပွဲအပေါ် ယုံကြည်မှု အားလျော့လာတာကို တွေ့ရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲဟာ ပြည်သူကနေ အစိုးရတစ်ရပ်ကို ရွေးချယ်တာဖြစ်သလို နိုင်ငံရဲ့ ခေါင်းဆောင် တစ်ယောက်ကို ရွေးချယ်တဲ့လုပ်ငန်းစဉ် တစ်ခုဖြစ်ကြောင်းနဲ့ ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတိုင်းမှာ အလေးထား ဆောင်ရွက်ရတဲ့ ကိစ္စရပ်ဖြစ်ပြီး ပြည်သူရဲ့ အခွင့်အရေးတစ်ခု ဖြစ်တဲ့အတွက်ကြောင့် ပြည်သူက မှန်မှန်ကန်ကန် အသုံးချနိုင်မယ်ဆိုပါက အင်မတန်မှ အကျိုးရှိကြောင်းကိုလည်း ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့ပါတယ်။

Zawgyi Version

ပြည်သူတွေ ရွေးကောက်ပွဲအပေါ် ယုံကြည်မှု လျော့နည်းလာတယ်လို့ တပ်ချုပ်ပြော