AA အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် တပ်မတော် တပ်ရင်းမှူးတစ်ဦး ကျဆုံး

0
1097

Unicode Version

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပြည်ထောင်စု ကားလမ်းမကြီးမှာ AA ရခိုင် လက်နက်ကိုင်အဖွဲ့က ရီမုမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်လို့ တပ်မတော်က တပ်ရင်းမှူးတစ်ဦး ကျဆုံးခဲ့ပါတယ်။

နိုဝင်ဘာလ ၁၃ ရက်နေ့က ရန်ကုန်-စစ်တွေ ကားလမ်းမကြီးလုံခြုံရေးနဲ့ မြို့ရွာလုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်မတော် စစ်ကြောင်းတစ်ခုက ပြည်ထောင်စု ကားလမ်းမကြီးအတိုင်း လုံခြုံရေးဆောင်ရွက်စဉ် နယ်မြေခံတပ်ရင်းက သရက်တစ်ပင်ကျေးရွာရှိ သံကူကွန်ကရစ် တံတားအရောက်မှာ AA အဖွဲ့က ရီမုမိုင်းတစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ တပ်ရင်းမှူးတစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိပြီး တပ်မတော်ဆေးရုံမှာ ကုသနေစဉ် သေဆုံးခဲ့ပြီး တခြား စစ်သည်နှစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

AA အဖွဲ့က အရပ်ဝတ်တွေ ဝတ်ဆင်ပြီး ဒေသခံပြည်သူတွေနဲ့ ရောနှောနေထိုင်ကာ ကျေးရွာ၊ ရပ်ကွက်တွေကို အကာအကွယ်ရယူပြီး တပ်မတော်စစ်ကြောင်းတွေကို ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်တာတွေ၊ မိုင်းဆွဲ တိုက်ခိုက်တာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

Zawgyi Version

A အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် တပ်မတော် တပ်ရင်းမှူ;တစ်ဦး ကျဆုံး