ပူးပေါင်းဆောင်ရွက်မှု မရှိရင် ဘင်္ဂလားဒေ့ရှ်မှာပဲ တာဝန်ရှိမယ်

0
152

Unicode Version

ဘင်္ဂါလီ မွတ်စလင်တွေ နေရပ်ပြန်ရေးမှာ ဘင်္ဂလားဒေ့ရှ်က အိမ်နီးချင်းနိုင်ငံကောင်း ပီပီသသနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မဖြစ်မနေ လိုကြောင်း၊ ဘင်္ဂလားဒေ့ရှ်က ပူးပေါင်းဆောင်ရွက်မှု မရှိရင် ဒါကို မစတင်နိုင်တဲ့ ဘင်္ဂလားဒေ့ရှ်မှာပဲ တာဝန်ရှိမှာဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ တိတ်တဆိတ် ပြန်ဝင်လာတာ ၄၁၅ ဦး ရှိကြောင်း၊ နေရပ်ပြန်ရေးမှာ မြန်မာဘက်က အားလုံးအဆင်သင့် လုပ်ထားပြီးသားဖြစ်ကြောင်း၊ ပြဿနာ အရှုပ်အထွေးကြီးက ဘင်္ဂလားဒေ့ရှ် နယ်ထဲမှာပဲ ရှိနေပြီး ပြဿနာ ဖြေရှင်းရေးကို ဦးတည်တဲ့ ချဉ်းကပ်မှုနဲ့ ဘင်္ဂလားဒေ့ရှ်ကလည်း ချဉ်းကပ်သင့်ကြောင်းလည်း ဦးဇော်ဌေးက နိုဝင်ဘာလ ၁၅ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို တရားစွဲရုံနဲ့ ဒီပြဿနာ ပြေလည်သွားတာ မဟုတ်ဘဲ နှစ်နိုင်ငံ ညှိနှိုင်းဖြေရှင်းမှ ရမှာဖြစ်ကြောင်း၊ အထူးသဖြင့် နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း ဘင်္ဂလားဒေ့ရှ်က ပြည့်ပြည့်ဝဝ လိုက်နာဖို့လိုပြီး ပူးပေါင်းဆောင်ရွက်မှု မရှိသရွေ့ ဒီပြဿနာ အရှုပ်အထွေးကြီးက ရှိနေမှာ ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

Zawgyi Version

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)