ဘူးသီးတောင်ကနေ ခိုးဝင်နေထိုင်တဲ့ ဘင်္ဂါလီတွေ အိန္ဒိယမှာ ဖမ်းမိ

0
83

Unicode Version

အိန္ဒိယနိုင်ငံ၊ ဟိုက်ဒရာဘတ်မြို့မှာ အထောက်အထား အတုတွေ ကိုင်ဆောင်နေထိုင်နေတဲ့ ဘင်္ဂါလီတစ်ဦးကို ရဲတွေက နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ဖမ်းမိခဲ့ပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်ကနေ လာတယ်ဆိုတဲ့ အဇစ် (၂၄ နှစ်) ဆိုသူဟာ အိန္ဒိယနိုင်ငံသား အသိအမှတ်ပြု အက်ဒဟာကတ်၊ မဲပေးခွင့်ကတ် အတုတွေ ကိုင်ဆောင်ထားတာကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ သူဟာ ကာမာတီပူရရှိ သားသတ်ရုံမှာ အလုပ်လုပ်နေသူ ဖြစ်ပါတယ်။

အဇစ်ဟာ ဟိုက်ဒရာဘတ်ကို ၂၀၀၈ ခုနှစ်ကတည်းက ခိုးဝင်လာတာဖြစ်ပြီး ဘာဟာဒူပုရမှာ ရှစ်နှစ်ကြာ နေထိုင်ပြီးနောက် ဖာလက်နူမာရှိ ဖာသီမာ နာဂါကို ပြောင်းရွှေ့နေထိုင်ကာ ၂၀၁၆ ခုနှစ်မှာ အိမ်ထောင်ပြုခဲ့ပါတယ်။ သူ့ဇနီးဟာလည်း ရခိုင်ပြည်နယ်ကနေ ခိုးဝင်လာသူဖြစ်ပြီး နှစ်နှစ်အရွယ် သမီးတစ်ဦး ရှိနေပါပြီ။

အဇစ်ဟာ အိန္ဒိယနိုင်ငံသားဟန်ဆောင်ပြီး အိန္ဒိယ မဲပေးခွင့်ကတ်၊ နိုင်ငံသားကတ်၊ ကားမောင်လိုင်စင်တွေ ရယူထားကြောင်း၊ သူ့ဇနီးက အထောက်အထား အတုတွေကို သုံးပြီး အိန္ဒိယအစိုးရ အထောက်အပံ့ကိုလည်း ရယူထားတယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ပြောပါတယ်။

Zawgyi Version