ေတာင္ႀကီး ၿမိဳ႕မေစ်းေရွ႕ လက္လုပ္မိုင္းေတြ႔လို႔ ေဖာက္ခြဲဖ်က္ဆီး

0
713

ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း၊ ၿမိဳ႕မေစ်းေရွ႕မွာ ဒီေန႔ ႏိုဝင္ဘာ ၁၆ ရက္က လက္လုပ္မိုင္း ထည့္ထားတဲ့ ေသတၱာတစ္လံုးေတြ႔ရလို႔ ေဖာက္ခြဲ ဖ်က္ဆီးခဲ့ပါတယ္။

(ဓာတ္ပံု – ကေမာၻဇတိုင္း/Facebook)

ၿမိဳ႕မေစ်းအေရွ႕မွာ မြန္းလြဲ ၂ နာရီက လက္လုပ္မိုင္း ထည့္ထားတဲ့ ေသတၱာတစ္လံုးကို ေတြ႔ရွိခဲ့ၿပီး တပ္မေတာ္ စစ္ေျမျပင္ အင္ဂ်င္နီယာ တပ္ဖြဲ႔က ေဖာက္ခြဲ ဖ်က္ဆီးလိုက္တာ ျဖစ္တယ္လို႔ ကေမာၻဇတိုင္း သတင္းမွာ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ေတာင္ႀကီးၿမိဳ႕ရွိ အိုးရွန္းလို႔ ေခၚၾကတဲ့ City Square Shopping Center ဒုတိယထပ္မွာ မသကၤာဖြယ္ရာ ထပ္မံေတြ႔ရွိခဲ့တဲ့ အရာကေတာ့ ဗံုးမဟုတ္ဘူးလို႔ သက္ဆိုင္ရာက အတည္ျပဳပါတယ္။ ၿမိဳ႕မေစ်း ေျမာက္ဘက္ ဆိုင္ကယ္အပ္တဲ့ေနရာမွာ မသကၤာဖြယ္ရာေတြ႔ရတဲ့ အရာကလည္း စစ္ေဆးၿပီးေနာက္ ဗံုးမဟုတ္ေၾကာင္း အတည္ျပဳထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောင်ကြီး မြို့မဈေးရှေ့ လက်လုပ်မိုင်းတွေ့လို့ ဖောက်ခွဲဖျက်ဆီး

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြို့မဈေးရှေ့မှာ ဒီနေ့ နိုဝင်ဘာ ၁၆ ရက်က လက်လုပ်မိုင်း ထည့်ထားတဲ့ သေတ္တာတစ်လုံးတွေ့ရလို့ ဖောက်ခွဲ ဖျက်ဆီးခဲ့ပါတယ်။

မြို့မဈေးအရှေ့မှာ မွန်းလွဲ ၂ နာရီက လက်လုပ်မိုင်း ထည့်ထားတဲ့ သေတ္တာတစ်လုံးကို တွေ့ရှိခဲ့ပြီး တပ်မတော် စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့က ဖောက်ခွဲ ဖျက်ဆီးလိုက်တာ ဖြစ်တယ်လို့ ကမ္ဘောဇတိုင်း သတင်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တောင်ကြီးမြို့ရှိ အိုးရှန်းလို့ ခေါ်ကြတဲ့ City Square Shopping Center ဒုတိယထပ်မှာ မသင်္ကာဖွယ်ရာ ထပ်မံတွေ့ရှိခဲ့တဲ့ အရာကတော့ ဗုံးမဟုတ်ဘူးလို့ သက်ဆိုင်ရာက အတည်ပြုပါတယ်။ မြို့မဈေး မြောက်ဘက် ဆိုင်ကယ်အပ်တဲ့နေရာမှာ မသင်္ကာဖွယ်ရာတွေ့ရတဲ့ အရာကလည်း စစ်ဆေးပြီးနောက် ဗုံးမဟုတ်ကြောင်း အတည်ပြုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)