
0
1239




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နေရပ်ပြန်ရေးမှာ ဘင်္ဂလားဒေ့ရှ်အစိုးရက ပါဝင်ပူးပေါင်းဆောင်ရွက်ဖို့ လို

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေရှိ ဘင်္ဂါလီတွေ နေရပ်ပြန်ရေးမှာ မြန်မာအစိုးရဘက်က လုပ်ဆောင်စရာရှိတာ အကုန်လုံး လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် အစိုးရက ပါဝင်ပူးပေါင်းဆောင်ရွက်ဖို့ လိုကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

“ကျွန်တော်တို့ ဘက်က လုပ်ဆောင်စရာရှိ တာတွေဟာ အကုန်လုံး လုပ်ဆောင် ပြီးပါပြီ၊ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ သတ်မှတ်ထားတဲ့ စည်းစနစ်ကျတဲ့ ပြန်လည်ပို့ဆောင်ရေးမျိုးကို ဘင်္ဂလားဒေ့ရှ် အစိုးရကနေ ပါဝင်ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်” လို့ ကြေးမုံသတင်းစာနဲ့ အင်တာဗျူးမှာ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက် ပူးပေါင်းလုပ်ဆောင်မှသာ ဆောင်ရွက်ချက်တွေ ပြီးပြည့်စုံမှာ ဖြစ်ကြောင်း၊ နိုင်ငံတကာနဲ့ ပွင့်ပွင့်လင်းလင်း ရှင်းရှင်းလင်းလင်း ရှိမယ်ဆိုတာ ပြောလိုကြောင်းလည်း သူက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)