Weekly Eleven ဂ်ာနယ္လစ္ေတြကိစၥ MPC နဲ႔ တုိငး္ေဒသႀကီး အစုိးရတုိ႔ေဆြးေႏြး

0
157

တရားစြဲဆုိခံခဲ့ရတဲ့ Weekly Eleven ဂ်ာနယ္က အယ္ဒီတာခ်ဳပ္အပါအ၀င္ သုံးဦးကိစၥနဲ႔ ပတ္သက္ၿပီး နုိ၀င္ဘာလ ၁၅ ရက္ေန႔ ကဗုိလ္တေထာင္ၿမိဳ႕နယ္ရွိ ျမန္မာနုိင္ငံသတင္းမီဒီယာ ေကာင္စီ႐ံုးခန္းမွာ တုိင္းေဒသႀကီး အစုိးရအဖြဲ႕ကုိယ္စားလွယ္ေတြနဲ႔ ေတြ႔ဆုံေဆြးေႏြးခဲ့ပါတယ္။

အဲဒီ ေဆြးေႏြးပြဲမွာ တုိင္းေဒသႀကီးအစုိးရအဖြဲ႕က ညႊန္ၾကားေရးမွဴး ဦးေအာင္ေက်ာ္ခုိင္က Weekly Eleven ဂ်ာနယ္လစ္ေတြကုိ သတင္းမီဒီယာဥပေဒပုဒ္မ -၉၊ပုဒ္မ (က)၊(င)၊(ဆ)၊(စ်) တုိ႔နဲ႔ ညိႇႏႈိင္းေျဖရွင္းၿပီး အေရးယူေပးဖုိ႔ ျမန္မာနိုင္ငံသတင္းမီဒီယာေကာင္စီထံ တုိင္ၾကားထားမႈအရ ေတြ႔ဆုံခဲ့ၾကတာ ျဖစ္ပါတယ္။

အခုလုိ ေတြ႔ဆုံေဆြးေႏြးရာမွာ ျမန္မာနုိင္ငံသတင္းမီဒီယာေကာင္စီ ဥကၠ႒ ဦးအုန္းႀကိဳင္က ေတြ႕ဆုံေဆြးေႏြးမႈေတြက အလားအလာေကာင္းတဲ့ အေျခအေနမွာ ရွိေနေၾကာင္းနဲ႔ ႏွစ္ဦးႏွစ္ဖက ထိပ္တုိက္ ေတြ႔ဆုံ စကားေျပာခြင့္ ရလာတာဟာ ေကာင္းမြန္တဲ့ရလဒ္တစ္ခု ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါအ့ျပင္ Weekly Eleven ဂ်ာနယ္က ကုိၿဖိဳးေ၀တုိ႔က လာမယ့္ ၂၇ ေနာက္ပိုင္းမွ ျပန္ေရာက္ရွိမွာျဖစ္တာေၾကာင့္ ႏွစ္ဖက္ေတြ႔ဆုံရွင္းလင္းမႈကုိ ျပဳလုပ္နုိင္ဖုိ႔ သက္ဆုိင္ရာတုိင္းေဒသႀကီး အစုိးရကုိ ျပန္တင္ျပသြားမွာျဖစ္ေၾကာင္း သတငး္ေထာက္ေတြကုိ ေျပာၾကားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Weekly Eleven ဂျာနယ်လစ်တွေကိစ္စ MPC နဲ့ တိုငး်ဒေသကြီး အစိုးရတို့ဆွေးနွေး

တရားစွဲဆိုခံခဲ့ရတဲ့ Weekly Eleven ဂျာနယ်က အယ်ဒီတာချုပ်အပါအဝင် သုံးဦးကိစ္စနဲ့ ပတ်သက်ပြီး နိုဝင်ဘာလ ၁၅ ရက်နေ့ ကဗိုလ်တထောင်မြို့နယ်ရှိ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီရုံးခန်းမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က Weekly Eleven ဂျာနယ်လစ်တွေကို သတင်းမီဒီယာဥပဒေပုဒ်မ -၉၊ပုဒ်မ (က)၊(င)၊(ဆ)၊(ဈ) တို့နဲ့ ညှိနှိုင်းဖြေရှင်းပြီး အရေးယူပေးဖို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီထံ တိုင်ကြားထားမှုအရ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို တွေ့ဆုံဆွေးနွေးရာမှာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်က တွေ့ဆုံဆွေးနွေးမှုတွေက အလားအလာကောင်းတဲ့ အခြေအနေမှာ ရှိနေကြောင်းနဲ့ နှစ်ဦးနှစ်ဖက ထိပ်တိုက် တွေ့ဆုံ စကားပြောခွင့် ရလာတာဟာ ကောင်းမွန်တဲ့ရလဒ်တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအ့ပြင် Weekly Eleven ဂျာနယ်က ကိုဖြိုးဝေတို့က လာမယ့် ၂၇ နောက်ပိုင်းမှ ပြန်ရောက်ရှိမှာဖြစ်တာကြောင့် နှစ်ဖက်တွေ့ဆုံရှင်းလင်းမှုကို ပြုလုပ်နိုင်ဖို့ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရကို ပြန်တင်ပြသွားမှာဖြစ်ကြောင်း သတငး်ထောက်တွေကို ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)