အိမ္ျဖဴေတာ္က မီဒီယာနဲ႔ ျပႆနာတက္တာကို ျမန္မာမွာ သတင္းေထာက္ေတြ ေထာင္က်တာနဲ႔ မႏိႈင္းယွဥ္ႏိုင္

0
692

အေမရိကန္ သမၼတ အိမ္ျဖဴေတာ္ဟာ မီဒီယာေတြနဲ႔ ေဝဖန္တိုက္ခိုက္မႈေတြ ျဖစ္ေနခ်ိန္ ျမန္မာႏိုင္ငံမွာ Reuters သတင္းေထာက္ေတြ ေထာင္ဒဏ္ခ်မွတ္တာကို အေမရိကန္ ေဝဖန္တာဟာ စံႏွစ္မ်ိဳး ရွိလို႔ မဟုတ္ေၾကာင္းနဲ႔ ႏိႈင္းယွဥ္လို႔ မရႏိုင္ေၾကာင္း အေမရိကန္ ဒုတိယ သမၼတ မိုက္ခ္ ပန္႔စ္က ေျပာပါတယ္။

Reuters သတင္းေထာက္ ကိုဝလံုးနဲ႔ ကိုေက်ာ္စိုးဦးတို႔ ေထာင္ဒဏ္ခ်မွတ္ခံရတာကို အျမန္ဆံုးလႊတ္ေပးဖို႔နဲ႔ စာနယ္ဇင္း လြတ္လပ္ခြင့္ရွိဖို႔ ဒု သမၼတ ပန္႔စ္က ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ေျပာၾကားခဲ့တာနဲ႔ ပတ္သက္ၿပီး မီဒီယာေတြက ေဝဖန္မႈေတြေၾကာင့္ အခုလို မစၥတာ ပန္႔စ္က ကာကြယ္ ေျပာၾကားတာ ျဖစ္ပါတယ္။

အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္က မီဒီယာေတြရဲ႕ သတင္းတင္ျပမႈေတြကို “သတင္းတုေတြ” လို႔ ေဝဖန္ေလ့ရွိၿပီး စာနယ္ဇင္းသမားေတြကိုလည္း “ျပည္သူ႔ ရန္သူေတြ” လို႔ အမည္တပ္ေလ့ ရွိပါတယ္။ အေမရိကန္ အစိုးရနဲ႔ မီဒီယာ ျပႆနာ တက္ၾကတဲ့ ေနာက္ဆံုးျဖစ္ရပ္တစ္ခုကေတာ့ CNN သတင္းေထာက္ကို အိမ္ျဖဴေတာ္မွာ သတင္းယူခြင့္ ပိတ္ပင္ခဲ့တာ ျဖစ္ပါတယ္။ သတင္းလြတ္လပ္စြာ ရယူခြင့္ကို ပိတ္ပင္တယ္ဆိုၿပီး သမၼတ ထရမ့္နဲ႔ သူ႔ရဲ႕ လက္ေထာက္ အရာရွိေတြကို CNN က တရားစြဲဆိုထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိမ်ဖြူတော်က မီဒီယာနဲ့ ပြဿနာတက်တာကို မြန်မာမှာ သတင်းထောက်တွေ ထောင်ကျတာနဲ့ မနှိုင်းယှဉ်နိုင်

အမေရိကန် သမ္မတ အိမ်ဖြူတော်ဟာ မီဒီယာတွေနဲ့ ဝေဖန်တိုက်ခိုက်မှုတွေ ဖြစ်နေချိန် မြန်မာနိုင်ငံမှာ Reuters သတင်းထောက်တွေ ထောင်ဒဏ်ချမှတ်တာကို အမေရိကန် ဝေဖန်တာဟာ စံနှစ်မျိုး ရှိလို့ မဟုတ်ကြောင်းနဲ့ နှိုင်းယှဉ်လို့ မရနိုင်ကြောင်း အမေရိကန် ဒုတိယ သမ္မတ မိုက်ခ် ပန့်စ်က ပြောပါတယ်။

Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ထောင်ဒဏ်ချမှတ်ခံရတာကို အမြန်ဆုံးလွှတ်ပေးဖို့နဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ရှိဖို့ ဒု သမ္မတ ပန့်စ်က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး မီဒီယာတွေက ဝေဖန်မှုတွေကြောင့် အခုလို မစ္စတာ ပန့်စ်က ကာကွယ် ပြောကြားတာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က မီဒီယာတွေရဲ့ သတင်းတင်ပြမှုတွေကို “သတင်းတုတွေ” လို့ ဝေဖန်လေ့ရှိပြီး စာနယ်ဇင်းသမားတွေကိုလည်း “ပြည်သူ့ ရန်သူတွေ” လို့ အမည်တပ်လေ့ ရှိပါတယ်။ အမေရိကန် အစိုးရနဲ့ မီဒီယာ ပြဿနာ တက်ကြတဲ့ နောက်ဆုံးဖြစ်ရပ်တစ်ခုကတော့ CNN သတင်းထောက်ကို အိမ်ဖြူတော်မှာ သတင်းယူခွင့် ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ သတင်းလွတ်လပ်စွာ ရယူခွင့်ကို ပိတ်ပင်တယ်ဆိုပြီး သမ္မတ ထရမ့်နဲ့ သူ့ရဲ့ လက်ထောက် အရာရှိတွေကို CNN က တရားစွဲဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)